ဆွဲခေါ်ရာ ပါလာခဲ့ရင်း ရုံရှေ့ရောက်တော့ ရှင်စောက ရုံတင်ထားသော မြန်မာဟာသကား ကြည့်မည်ဆိုတာကြောင့် ဒီမို မျက်နှာကြီး ရှုံ့မဲ့သွားရတော့သည်။
"ပေါကားတွေကိုဗျာ ရေဝယ်သောက်ရင်တောင် သေးပြန်ပေါက်အုံးမယ်"
ဒီမိုပြောတော့ ရှင်စောက စောင်းကြည့်ကာဖြင့်....
"ဘာနေနေ ရီရတယ်လေ ခဏတော့ စိတ်အပန်းပြေတာပဲ..."
ရှင်စော၏ စကားကြောင့် ဒီမိုက နှာခေါင်းကို လက်ညှိုးဖြင့် ပွတ်ပြီးတော့မှ...
"တစ်ရာဖိုးသုံးပုဒ်တွေနဲ့ အပန်းဖြေမဲ့အစား တံတားအောက်မှာ ဘီယာလေးနဲ့ အပန်းသွားဖြေတာတောင်မှ ဟုတ်အုံးမယ်"
ဒီမို၏ စကားကြောင့် လက်မှတ်ဝယ်ဖို့ တာစူနေတဲ့ ရှင်စော လက်တို့တန့်သွားရတော့သည်။အမှန်တော့ သူလည်း ရုပ်ရှင်ကြည့်ချင်တဲ့ စိတ်ကူးရှိနေတာမဟုတ်။ဒီမို စိတ်ပြေလက်ပျောက် ဖြစ်စေဖို့သာ ရည်ရွယ်တာမလို့....
"သောက်မလို့လား...."
"အင်းလေ...ပေါကား ကြည့်မဲ့အစား ဘီယာပဲသောက်မှာပေါ့.."
"ဟျောင့်...."
ရုံရှေ့လာပြီး ရုပ်ရှင်မကောင်းကြောင်း ပျစ်ပျစ်နှစ်နှစ် ဝေဖန်နေတော့ လက်မှတ်စာရေးမက မျက်စောင်းတဝေ့ဝေ့နှင့်မလို့ ပါးထမရိုက်ခင် ဒီမိုအား အမြန်ဆွဲခေါ်ထုတ်ခဲ့ရတော့သည်။ရုံရှေ့က ပြန်ထွက်လာခဲ့ရင်း နှစ်ယောက်သား အရက်ပုလင်းတွေရှိရာ စင်တန်းဖက်ကို ပြန်သွားပြီး ဘီယာပုလင်းတွေပဲ ဝယ်ကာ ထွက်ခဲ့ကြတော့သည်။ကမ်းနားလမ်းမှာ အမြည်းအတွက် အကင်တချို့ဝင်ဝယ်ရင်း
ဘီလူးကျွန်းတံတားအောက် ပန်းခြံရောက်တော့ ညနေ၅နာရီ အတိ။ပန်းခြံဆိုပေမဲ့ တံတားအောက် သံလွင် မြစ်ကမ်းနဖူးလေးမှာ စတီးဘောင် လက်ရန်းလေးတွေ ခတ်ထားတဲ့ မကျဉ်းမကျယ် နေရာလေးတစ်ခုပါပဲ။အထဲမှာတော့ ဂျပန်မြက်ခင်းလေးတွေ စနစ်တကျ ပျိုးထားပြီး အလှပန်းပင် အမျိုးအစားတွေလည်း တော်တော်စုံစုံလေးရှိသည်။သံလွင်မြစ်ဖက်ကို မျက်နှာမူထားတဲ့ ခုံတန်းလေးတွေကလည်း အစီအရီ။နှစ်ယောက်ထိုင် သီးသန့်ခုံလေးတွေရော သူငယ်ချင်းတွေ စုထိုင်ကြဖို့အတွက် အမိုးလေးနဲ့သေချာ အလှဆင်ထားတဲ့ ခုံဝိုင်းလေးတွေရော။စနစ်တကျ အလှဆင်ထားတဲ့ လျှောက်လမ်းပေါ်မှာ ကောင်မလေးတစ်စု အလှဓာတ်ပုံ ရိုက်နေတာမလို့
နှစ်ယောက်သား ကွေ့ရှောင်ထွက်ခဲ့ရသေးတယ်။
YOU ARE READING
ခရီးများအဆုံးထိ...လျှောက်(Complete)
General Fictionကျွန်တော်က မေတ္တာငတ်ခဲ့တဲ့ကောင်ပါ တစ်ဖဲ့တစ်ဝက် ဂရုဏာဆိုရင်တောင်မှ ခင်ဗျားစွန့်ကြဲတာမလို့ တန်ဖိုးကြီးပါတယ်.... စဒီမိုဖန်း ရင်ခုန်တိုင်း အချစ်မဟုတ်ဘူးတဲ့.... ဒါဆို...ရင်မခုန်လည်း ချစ်ချင်ချစ်နေမှာပဲလို့ ဆိုလိ...