"မောင်ရေ့...နောက်ကျတော့မယ်နော် ဘာလုပ်နေတာလဲ"
"ပြီးပြီးလို့ အစောရေ့..."
ရှင်စောရဲ့ စကားကို ခွန်းတုံ့ပြန်ရင်း ဒီမိုက အခန်းထဲက ခပ်သွက်သွက် ထွက်လာတော့သည်။ခရစ္စမတ်မှာ ဝတ်ဆင်ဖို့ ဟိုတစ်နေ့ကမှ ဝယ်ပေးထားတဲ့ နက်စွေးနေသော ဆွယ်တာအပါးလက်ရှည်ကို အပေါ်က သင်တိုင်းအင်္ကျီ အဖြူရောင်လေး ထပ်ဝတ်ထားပြီး အောက်က ဂျင်းဘောင်းဘီရယ်ဖြင့် sneakerအဖြူကို ဝတ်ဆင်လိုက်တော့ ဒီမိုဖန်းတို့က ထွေထွေထူးထူးတောင် ပြင်ဆင်နေစရာ မလိုပဲ နဂိုသားနားတဲ့ ရုပ်ထွက်က ထင်းလင်းလို့နေသည်။ယောက်ျားဖြစ်သူကို ရှင်စော ခြေဆုံးခေါင်းဆုံး ကြည့်နေပြီးတော့မှ...
"ခေါင်းစွပ်ရော အေးတယ်လေ တစ်ညလုံးနေရမှာ အအေးမိလိမ့်မယ်.."
ရှင်စောပြောတော့ ဒီမိုက လက်ထဲမှ အနက်ရောင်ခေါင်းစွပ်ကို စွပ်ချလ်ိုက်ပြီးမှ...
"ဒီမှာ ပါတယ်.."
ဒီမိုပြောတော့ ရှင်စော ခေါင်းညိတ်ပြပြီးတော့မှ ကိုယ်တိုင်လည်း ဟူဒီကို ဆွဲဆန့်ပြုပြင်နေရင်းဖြင့်...
"အမေနဲ့ မမကြီးနဲ့ အိပ်ချင်အိပ်နေလို့ ရတယ်နော် ဧည့်သည်တွေက မနက်လင်းမှ မနက်စာလာစားကြမှာ"
ရှင်စောပြောတော့ မိခင်ဖြစ်သူက လက်ကာပြကာဖြင့်...
"အေးပါ သွားပါ ဒီမှာ အားလုံးအဆင်ပြေအောင် စီစဉ်ပေးထားမယ်.."
ခရစ္စမတ်ဆိုတာ မိသားစုတွေ စုံစုံလင်လင်ဖြင့် နွေးထွေးကြ ပျော်ရွှင်ကြ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လက်ဆောင်တွေပေးကြဖြင့် ပျော်ရွှင်စွာ ကိုယ်တော့်မွေးနေ့ကို ကြိုဆိုသော အခမ်းအနားသာဖြစ်လေသည်။သို့ပေမဲ့ ဒီမို့အတွက်တော့ မင်းရှင်စောကလွဲလို့ နွေးထွေးစရာ မိသားစုမရှိသလို လက်ဆုံပြန်စားဖို့ရာ မိဘအိမ်ဆိုတာ ရှိမနေခဲ့။ထို့ကြောင့်ပဲ ငတ်မွတ်ခဲ့ရတဲ့ မေတ္တာတရားတွေကို ဖြည့်ဆည်းပေးဖို့ သူ့မှာတာဝန်ရှိသည်လို့ ရှင်စော မှတ်ယူခဲ့မိသည်။မေမေနှင့် မမကြီးတို့ သားအမိကို အကူအညီတောင်းကာ အိမ်မှာပဲ ခရစ္စမတ်စားပွဲအတွက် စီစဉ်ပေးဖြစ်သည်။ဒီမိုနှင့် တစ်ညလုံး ဘုရားကျောင်း အတူတက်ပေးပြီး မနက်လင်းတာနှင့် ကိုပြည့်တို့ အဖွဲ့သားတွေကို အိမ်မှာကျွေးမွေး ဧည့်ခံဖို့ အတွက် ပြင်ဆင်ပေးဖြစ်လေသည်။ဒီနှစ် ခရစ္စမတ်ကိုတော့ ဒီမို့အတွက် နွေးထွေးပြီး ပျော်ရွှင်စေဖို့အတွက် သူ အထူးတလည်ပြင်ဆင်ခဲ့မိတော့သည်။ဒီနှစ်မှ မဟုတ်ဘူး အတူရှိခွင့်ရတဲ့ နေ့ရက်တိုင်းကို နွေးထွေးချိုမြိန်ပြီး လုံခြုံအေးချမ်းနေစေဖို့ သူမျှော်လင့်ပါသည်။
![](https://img.wattpad.com/cover/274043372-288-k205622.jpg)
YOU ARE READING
ခရီးများအဆုံးထိ...လျှောက်(Complete)
General Fictionကျွန်တော်က မေတ္တာငတ်ခဲ့တဲ့ကောင်ပါ တစ်ဖဲ့တစ်ဝက် ဂရုဏာဆိုရင်တောင်မှ ခင်ဗျားစွန့်ကြဲတာမလို့ တန်ဖိုးကြီးပါတယ်.... စဒီမိုဖန်း ရင်ခုန်တိုင်း အချစ်မဟုတ်ဘူးတဲ့.... ဒါဆို...ရင်မခုန်လည်း ချစ်ချင်ချစ်နေမှာပဲလို့ ဆိုလိ...