Part 1

33.2K 747 25
                                    


မာယာဖြူဖြူ

အပိုင်း(၁)

#မာယာဖြူဖြူ

02040104

"အာ....ကော်လာက ဘာလို့ စောင်းနေတာတုန်း.."

"........"

"ကျစ်....ပြန်ဖြုတ်မယ်.."

ဘဲဥ လက်ထဲက အကျီ ကော်လံကို ကြည့်ရင်း စိတ်ပျက်သွားကာ သုံးကြိမ်မြှောက် ချုပ်ကြောင်းတွေကို ဆွဲဖြုတ်လိုက်ရပြန်သည်။

နမူနာယူပြီး ချထားသည့် အစ်ကိုဖြစ်သူ ကိုထူးရဲ့ ရှပ်အကျီ ၤကို ပြန်ကြည့်ရသည်။

"ဟုတ်ပါတယ်....ဒီတိုင်း ထပ်ပြီး ညှပ်လိုက်တာပဲ....ဘာလို့ ဒီမှာ မရတာလဲ.."

ဘဲဥ တစ်ယောက် တည်း ခေါင်းရှုပ်စွာဖြင့် လက်ထဲက ဘောပင်နဲ့ ခေါင်းကို ကုတ်နေမိသည်။

အသက်က ကြီးလာတော့ ဘာမဆို မြင်တာနဲ့ တက်မြောက်သည့် ဘဲဥရဲ့ အရည်အချင်းတွေ မှေးမှိန်ကုန်ပြီလား.။

မဖြစ်နိုင်ပါဘူး..။

အစမို့လို့ ခက်ခဲနေတာပါ..။

ဘဲဥ လက်ထဲက ဘောပင်ကို ဘေးမှာ ချလိုက်ပြီး ဘေးက ပိတ်စ အနီရောင်ကို ယူကာ ပေကြိုးနဲ့ တိုင်းလိုက်သည်။

သေချာ မှတ်ပြီး မြေဖြူနဲ့ တို့ကာ မျဉ်းကြောင်း ဆွဲရသည်။

"ဘဲဥရေ...ဒီမှာ စာရွက်ဆွဲချင်လို့တဲ့.."

"အမ်း...လာပြီ.."

လက်ထဲက မြေဖြူကို ပြန်ချပြီး သက်ပြင်းချလိုက်သည်။

အဲဒါပဲလေ..။

ဒီအိမ်မှာ ဘာမဆို ဘဲဥ မပါလို့ကို မပြီးဘူး..။

အိမ်ဆိုင်မှာ မိတ္တူကူးစက်ကလေး တစ်လုံးရှိပါတယ်။

ခလုတ်လေးနှိပ်ဖို့ကိုတောင် အိမ်က လူဆယ်ယောက်ကျော်က မလုပ်တက်ဘူး..။

ဒီလိုနဲ့ ဘဲဥသာ မရှိရင် ဘယ်လို လုပ်ကြမတုန်း..။

"ဒေါ်ကြီး ကလည်း..ဒီခလုတ်လေး နှိပ်တာပါဆို...ဘာခက်တာမှတ်လို့.."

"အို...မလုပ်တက်ပါဘူး.."

"သားလုပ်တက်တယ်...သားလုပ်တက်တယ်..ဒီခလုတ်မလား..ဥဥ"

မာယာဖြူဖြူWhere stories live. Discover now