Episode 1

8.9K 340 2
                                    

unicode;
ကျွန်တော်မှာ အရမ်းချစ်ရတဲ့ချစ်သူတစ်​ယောက်ရှိတယ် သူလဲ ကျွန်တော်ကို ချစ်နေမှာပါ ဟင့်အင်း မသေချာတော့ဘူး အရင်က​တော့ ကျွန်တော်ကို ချစ်ခဲ့တာ​သေချာတယ် အခုတော့ လိုချင်ပေမဲ့ မမျှော်လင့်တော့ပါဘူး သူမချစ်တော့လဲ ကျွန်တော်ချစ်နေရင် အချစ်ပဲမလား ကျွန်တော် အတ္တများကြီးမိနေသလား သူ့ကို ကျွန်တော့်အနားမှာ တစ်သက်လုံးရှိနေစေချင်တယ် စချစ်ခဲ့တာ သူဆိုပေမဲ့ ဆက်ချစ်​နေတာ ကျွန်တော်ပါပဲ

ကျွန်တော် အရမ်းအထီးကျန်နေတယ် ကျွန်တော် သူ့ရဲ့သတင်းတွေကြားပါတယ် ဒါပေမဲ့ မျက်မမြင်တစ်ယောက်လို နားမကြားတစ်ယောက်လို ကုန်ကုန်ပြောရရင် အရူးတစ်ယောက်လို နေခဲ့တယ် ဘာမှမမြင် ဘာမှမကြား ဘာမှမသိတဲ့လူတစ်ယောက်ပေါ့ သိရက်သားနဲ့ ဘာမှမသိသလိုနေရတာ နဲနဲတော့ခံရခက်သား ဒါပေမဲ့ ကျွန်တော် ကျင့်သားရနေပါပီ လွန်ခဲ့တဲ့ သုံးလကတည်းကပေါ့ ရှင်းရှင်းပြောရရင် Koo တာဝန်ကျနေတဲ့ ဆေးရုံက ဆရာဝန်မလေးကို စချစ်တဲ့နေ့ကတည်းကပေါ့

ဒီနေ့ ချစ်သူသက်တမ်း ၅နှစ်ပြည့်နေ့

Seokjin-Koo ဒီနေ့ စောစောပြန်လာနော်

Kook-........

Seokjin-အင် ကိုကိုစောင့်နေမယ်

Kook-........

Seokjin-ဒါပဲနော် ချစ်တယ်

Kook-.........

ကျွန်တော် မီးဖိုချောင်ထဲမှာ ညနေ၄နာရီကတည်းက ချက်ပြုတ်နေတာ ကျွန်တော်တို့ရဲ့ နှစ်ပတ်လည်နေ့အတွက်ပေါ့ သူ တခြားတစ်ယောက်နဲ့ ဘယ်လိုပဲဖြစ်နေဖြစ်နေ သူ ကျွန်တော့်ကိုချစ်နေတယ်ဆိုတာ ကျွန်တော် ယုံကြည်တယ် သူ တစ်နေ့ ကျွန်တော်ဆီကို ပြန်လာမှာပါ သူ့ကိုအဆုံးထိချစ်နိုင်တာ ကျွန်တော်ပဲရှိတယ် သူ့အလိုလိုက်နိုင်တာ ကျွန်တော်ပဲရှိတယ်ဆိုတာ သူသိလာမှာပါ ဒီနေ့ ချစ်သူသက်တမ်း ၅နှစ်ပြည့်ဆိုတာ Koo ကိုကြိုမပြောထားဘူး  ဒါပေမဲ့ Koo သိလောက်မှာပါ မျှော်လင့်ချက်ရောင်ခြည်လေးတော့ မှေးမှိန်နေတုန်း......

အခုထိ Koo မရောက်လာသေးပါ ည ၁၂နာရီကျော်သွားရင် ကျွန်တော်တို့ရဲ့ ချစ်သူသက်တမ်း ၅နှစ်ပြည့်ဆိုတာ ဘာအဓိပ္ပါယ် ဘာအမှတ်တရမှ ရှိတော့မှာမဟုတ်ဘူး အဲ့လိုဖြစ်မှာကို ကျွန်တော် သေမလောက်ကြောက်တယ် သူမေ့နေတာတော့ မဟုတ်လောက်ဘူးမလား နာရီကိုလှည့်ကြည့်လိုက်တော့ ၁၂နာရီထိုးဖို့ ၁၅မိနစ်ပဲလိုတော့တယ် ဘယ်လိုဖြစ်ဖြစ် မျှော်လင့်ချက် တစိုးတစိလေးတော့ ရှိသေးတယ်မလား

True love {Completed}Where stories live. Discover now