Zawgi;
မနက် ၆နာရီ....ညတုန်းက မိုးတစ်ညလုံးရွာနေခဲ့သည့်အပြင် Yoongi လဲ တစ်ညလုံး အဖျားတက်နေတာကြောင့် ရေပတ်တိုက် အင်္ကျီလဲပေး အပူချိန်တိုင်းနေရတာနဲ့ မိုးသာလင်းသွားသည်...တစ်ရေးမှ ကောင်းကောင်းမအိပ်လိုက်ရ...ခုဆို Yoongi လဲ အဖျားကျနေပီမလို့ နာရီကြည့်လိုက်တော့ ၆နာရီ...Yoongi နိုးလာရင် စားဖို့အတွက် ခရုဆန်ပြုတ်ပြုတ်လိုက်ပီး ထမင်းစားပွဲပေါ်တွင် ဆန်ပြုတ်တစ်ပန်းကန် သောက်ဆေး ရေတစ်ခွက်နှင့် စာတစ်စောင်...
"Yoongi ရေ ဆန်ပြုတ်ကုန်အောင် စားပီးဆေးသောက်လိုက်နော်...တကယ်လို့ မင်းနိုးတဲ့အချိန် ဆန်ပြုတ်အေးသွားရင် ပြန်နွှေးပီးစားလိုက်...အခုအဖျားကျသွားပီဆိုပေမဲ့ နွေးနွေးထွေးထွေးနေဦး...စိတ်မချရသေးဘူး...ငါတော့ ပြန်ပီ...ပီးတော့ ငါ ဆိုင်မသွားခင် မင်းဆီ လာခဲ့ဦးမယ်..."
ကျွန်တော် Yoongi အတွက် ပြင်ဆင်စရာရှိတာ ပြင်ဆင်ပီး အိမ်ပြန်ရန် Taxi တစ်စီးငှါးကာ အိမ်မြန်မြန်ရောက်ဖို့သာ စိတ်လောနေသည်...အကြောင်းမှာ Koo ရဲ့ဝမ်းသာစရာစကားကို အရမ်းကြားချင်နေပီလေ...ကျွန်တော်ကြားချင်နေတဲ့စကားဆို ဘယ်လောက်ကောင်းလိုက်မလဲ...မမျှော်လင့်သင့်ပေမဲ့ ကျွန်တော် အတ္တကြီးစွာ မျှော်လင့်နေမိသည်...Koo ရေ ဒီတစ်ခါတော့ ကိုကို အတ္တကြီးလိုက်မယ်နော်...
Taxi ဘီးလေးက အိမ်ရှေ့ရောက်တော့ Taxi ခရှင်းပီး အိမ် pw ကိုခပ်မြန်မြန်ရိုက်နှိပ်လိုက်သည်...ထို့နောက် အိမ်ထဲဝင်ပီး...
Jin-Koo ရေ Koo....ခုထိအိပ်နေတုန်းလား...၆နာရီတောင် ခွဲနေပီဟာ....
ဧည့်ခန်းနဲ့ မီးဖိုခန်းတွေကို အကုန်လိုက်ကြည့်သော်လဲ အိမ်အောက်ထပ်မှာ Koo ကိုမတွေ့တာကြောင့် အိပ်နေသေးသည်အထင်နှင့် ကျွန်တော့်ခြေလှမ်းများသည် အိမ်ပေါ်ထပ်က အိပ်ခန်းဆီသို့ ခြေဦးတည်လိုက်သည်...
အိပ်ခန်းရှေ့ တံခါးမဖွင့်ခင် စိတ်ထဲ၌ အမျိုးအမည်မဖော်ပြတတ်သော ခံစားချက်တစ်မျိုး ဝင်လာသည်...ညက အိပ်ရေးပျက်လို့များလား....ဒါမှမဟုတ် Koo စကားကိုနားထောင်ဖို့ ရင်ခုန်နေတာလား...ကျွန်တော်လဲ ဝေခွဲမရ...သေချာတာကတော့ မကောင်းတဲ့အရာတစ်ခုခု မဖြစ်နိုင်တာမလို့ ရှည်ရှည်ဝေးဝေး မစဉ်းစားတော့ဘဲ ဖြစ်ပေါ်လာသည့်ခံစားချက်ကို ဥပက္ခာပြုပီး Koo ကိုမြင်တွေ့ချင်နေပီမလို့...တံခါးကို ခပ်ဖြည်းဖြည်းဆွဲဖွင့်ရင်း...
YOU ARE READING
True love {Completed}
FanfictionUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...