Zawgi;
Bus မှတ်တိုင်အတွင်း ခုံတန်းရှည်တွင်ထိုင်နေလျက် တစ်စုံတစ်ခုကြောင့် အချင်းများနေသော လူနှစ်ယောက်...Seokjin-ဟျောင့် လိမ္မော်သီး နဲနဲကျွေး...
Yoongi-ဆုတောင်းလေ...
Seokjin-မင်းကလည်း လိမ္မော်သီးလေး တစ်မွှာလေးတောင် ကိုယ့်သူငယ်ချင်းကို မကျွေးချင်ဘူးလား...
Yoongi-လူကို ကြိုက်သလိုလုပ်...လိမ္မော်သီးတော့ လာမထိနဲ့...
Seokjin-လူက ဘာမှလုပ်လို့မှ မရတာ...
Yoongi-လုပ်လို့မရလို့်ကို ပေးတာလေ...ဟား...
ကျွန်တော့်ရှေ့တွင် လိမ္မော်သီး တစ်မွှာပီးတစ်မွှာ ပါးလုတ်ပါးလောင်း စားပြနေတာ အမြင်ကတ်ဖို့ကောင်းလိုက်တာ...
Yoongi-စားလို့ကောင်းနေတာပဲ...ချိုချိုချဉ်ချဉ်လေး😋
Seokjin-အဲ့မှာ တစ်ခါတည်း လိမ္မော်သီးနင်ပါစေ...
ကျွန်တော့်စကားအဆုံး...
Yoongi-အဟွတ်..ဟွတ်...အမယ်လေး သေပါပီ...ငါတော့ မင်းရဲ့လိမ္မော်သီးကျိန်စာ မိသွားပီထင်တယ်...အဟွတ်
Seokjin-ကောင်းတယ် အဲ့ဒါ ငါ့ကိုမကျွေးလို့...နဲတောင် နဲသေးတယ်...
Kook-Hyung...
ကျွန်တော် အသံကြားရာ နေရာကိုလှည့်ကြည့်တော့ ကျွန်တော်တို့နှစ်ယောက် အနောက်မှာ ဘယ်ချိန်ကတည်းက ရောက်နေမှန်းမသိတဲ့ ပေါက်စ...
Kook-ချိုချိုနဲ့ ချဉ်ချဉ်နဲ့က မောင်နှမတွေလား...
Yoongi-ဟျောင့် ကြားထဲလာဝင်မထိုင်နဲ့လေ...ငါ ပြုတ်ကျတော့မယ်...
ကျွန်တော်တို့အနောက်ကနေ အရှေ့ရောက်လာကာ ကျွန်တော်တို့နှစ်ယောက်ကြား အတင်းဝင်ထိုင်နေတဲ့ ယုန်ပေါက်...
Kook-မပြုတ်ကျချင်ရင် ထလိုက်...ကျွန်တော်ကတော့ ထိုင်မှာပဲ...
Yoongi-ငါက ဘာလို့ထရမှာလဲ...ဟာ..ဟိတ် ဟိတ် ငါ ပြုတ်ကျတော့မယ်...
Seokjin-ငါပဲ ထတော့မယ်...မင်းတို့နှစ်ယောက်ပဲ နေခဲ့ကြတော့...
ကျွန်တော် အဲ့နေရာမှ ထထွက်လာခဲ့သည်...ကျွန်တော်သာ မထရင် အလကားနေရင်း ဒီခုံကို လျော်ရကိန်းရှိသည်...
YOU ARE READING
True love {Completed}
FanfictionUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...