Zawgi;
Yoongi-ဟျောင့် ဒီနေ့ ကျောင်းပိတ်တယ်လေ...ဘယ်သွားမလို့လဲ...အခုမှ အိပ်ယာပေါ်က စောင်တွေနဲ့လုံးထွေးနေပီး မျက်လုံးမပွင့်တပွင့် အိပ်ချင်မူးတူးနဲ့ ပြောနေသော အကောင်ပေါက်...
Seokjin-အင် ငါကြင်ဖက်သွားတွေ့မလို့...
ကိုယ်လုံးပေါ်မှန်ကိုကြည့်၍ ဆံသနေစဉ် မှန်ထဲမှာပေါ်နေသော သူ့ပုံရိပ်ကိုကြည့်ပီး ဖြေလိုက်သည်...
Yoongi-ဘာ!!!!
ခြုံထားသောစောင်ကို ဖယ်ချပီး အိပ်ယာပေါ်က ကမန်းကတန်းဆင်းပီး ပြတင်းပေါက်ကို သွားချောင်းနေလေသည်...ဘာထလုပ်ပြန်ပီလဲ...
Seokjin-ဟျောင့် ဘာသွားလုပ်တာလဲ....
Yoongi-အရင်တုန်းကဆို ကြင်ဖက်သွားတွေ့တာ သရဲသွားတွေ့သလို အကြောက်အကန်ငြင်းနေတဲ့ကောင်က အခုမှ ကောက်ကာငင်ကာကြီး သွားတွေ့မယ်ဆိုတော့ နေနှစ်စင်းထွက်နေတာလားလို့ ကြည့်နေတာ...
ပြတင်းပေါက်ကနေ မိုးပေါ်ကို ကုပ်ချောင်းချောင်းနဲ့ကြည့်နေလေသည်...မိုးလင်းတာနဲ့ ရွဲ့တော့တာပဲ...ကြည့်လဲရွဲ့ဦး လေဖြတ်သွားဦးမယ်...
Seokjin-ဟျောင့် လာပါကွာ...ငါ ကြင်ဖက်သွားတွေ့တာ အထူးအဆန်းလာလုပ်နေတယ်...
ထိုတော့မှ ပြတင်းပေါက်ကနေပြန်လာပီး ကျွန်တော့်ဘေးနား ခါးထောက်ကာ လာရပ်လေသည်...
Yoongi-ထူးဆန်းတာပေါ့ကွ...ဧကန္တ ဟိုကောင်လေးကြောင့်လား....
မှန်မှ အကြည့်လွှဲလိုက်ပီး သူ့ကိုလှည့်ကြည့်၍...
Seokjin-ဟိုကောင်လေးကြောင့်လဲမဟုတ်ဘူး ဒီကောင်လေးကြောင့်လဲမဟုတ်ဘူး...
Yoongi-ဟုတ်လို့လား အဲ့ကောင်လေးပေါ်လာမှ မင်းကြင်ဖက်တွေ့ချင်နေတာမလား...မင်း သူ့ကိုချစ်မိသွားမှာစိုးလို့မလား...
Seokjin-ရူးနေလို့ ငါကသူ့ကို ချစ်မိရမှာလား...ပီးတော့ ငါ့ဘာငါ ကြင်ဖက်တွေ့ချင်လို့တွေ့တာ သူနဲ့ဘာမှမဆိုင်ဘူး...မင်း မဟုတ်တာတွေမပြောနဲ့...
Yoongi-အေပါကွာ ဒါလေးပြောတာ ဒေါသထွက်စရာလိုလို့လား...ဒါနဲ့ ကောင်မလေးနဲ့ ဘယ်ဆိုင်မှာချိန်းထားတာလဲ...
YOU ARE READING
True love {Completed}
FanfictionUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...