Episode 15

3K 268 15
                                    

Zawgi;
"ဒေါက် ဒေါက်"

Yoongi-Seokjin!!!! မင်းငိုနေတယ်....

ကျွန်တော် သူ့ကိုဘာမှပြန်မ​ပြောဘဲ အိမ်ထဲသို့သာ ဝင်သွားလိုက်သည်....ကျွန်တော် ကုတင်ပေါ်ထိုင်ချလိုက်ပီး ရိုက်သံပါပါ ငိုချလိုက်တော့သည်...ယောကျာ်းလေးဖြစ်ပီး မျက်ရည်လွယ်တယ်လို့ အပြောမခံချင်သော်လဲ ဒါဟာ ကျွန်တော့်နှလုံးသားတစ်ခုလုံးနဲ့ ရင်းခဲ့သလို ကျွန်တော့်ဘဝတစ်ခုလုံးအတွက် ရည်ရွယ်ခဲ့တာ...ကျွန်တော့်မျက်ရည်​တွေ ခံနိုင်ရည်လဲမရှိတော့ပါ...သို့သော် ယခုကျနေသော မျက်ရည်တို့သည် နောက်ဆုံးသာဖြစ်သည်...

Seokjin-*sob*..........*sob*

Yoongi-Seokjin မင်း ငါ့ကိုပြောဦးလေ...မင်းရဲ့ကောင်နဲ့ ဘာဖြစ်လာလို့လဲ...ဟမ်..

Seokjin-Koo လေ ငါ့ကို...*sob*...

Yoongi-မပြောနဲ့တော့...မင်း ဝအောင်ငိုလိုက်...ပီးရင် ခဏလောက်အိပ်လိုက်...ပြန်နိုးလာတဲ့အခါမှ ငါ့ကိုပြောပြတော့...မနေ့ညက တစ်ညလုံးအိပ်ရေးပျက်ထားပါတယ်ဆိုမှ အခုငိုတော့ ခေါင်းကိုက်နေမှာပေါ့...အိပ်လိုက်နော်...

Seokjin-*sob*............*sob*

--------------

သူငိုလို့ မောသွားတယ်ထင်သည်...ကုတင်ပေါ်အိပ်ပျော်နေလိုက်တာ အချစ်ကို တစ်ခါမှ မထိတွေ့ မခံစားဖူးတဲ့ ခလေးသူငယ်သဖွယ်...မင်းလဲ ပင်ပန်းနေရောပေါ့...သူငယ်ချင်းဖြစ်ပီး ငါ မင်းအတွက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး...

သူနိုးလာရင်စားဖို့အတွက် မီးဖိုခန်းတွင် အလုပ်ရူပ်နေသည်...ချက်ပြုတ်ပီး​စီးကုန်လို့ နာရီကြည့်လိုက်တော့ ၁၁ နာရီ...နေ့လည်စာစားချိန်ရောက်နေပီမလို့...Seokjin ကိုနှိုးရန် မီးဖိုခန်းမှ ထွက်လာခဲ့သည်...

Seokjin အိပ်နေသောကုတင်ထက် တင်ပလွဲထိုင်ပီး...

Yoongi-Seokjin...Seokjin ထတော့လေ နေ့လည်စာစားရအောင်..

Seokjin-အင် ခေါင်းကိုက်တယ်...

Yoongi-မင်း မနက်က ဘာမှမစားရသေးဘူးမလား...စားပီး ဆေးသောက်ရမယ်...ထ..

ကျွန်တော် Yoongi စကားကြောင့် ထထိုင်လိုက်သည်...

Yoongi-လာ ထမင်းသွားစားမယ်...ထ..

True love {Completed}Where stories live. Discover now