Zawgi;
ကျွန်တော် ဦးနှောက်တော်တော်ခြောက်နေပီ...ဘယ်လိုမှ စဉ်းစားလို့ကိုမရဘူး...ဘာအကြံဥာဏ်မှလဲမထွက်လာဘူး...အေပေါ့လေ ကျွန်တော့်လို ဝန်ထမ်းတစ်ယောက်က CEO အခန်းထဲ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရတဲ့အနေအထားမှ မဟုတ်တာ...ကျွန်တော့်ခေါင်းကို အကြံအိုက်နေတဲ့ပုံစံနဲ့ ခပ်ကြမ်းကြမ်းကုတ်လိုက်တော့...
"Jungkook ဘာစိတ်ညစ်စရာရှိလို့လဲ...နင့်ဆံပင်တွေလဲ ရူပ်ပွနေတာပဲ..."
Kook-Arr ဟုတ်သားပဲ ဆံပင်တွေတောင် ပွကုန်ပီ...
ကျွန်တော့်ဆံပင်တွေကို လက်ညိုးထိုးပီးပြောနေတော့ ခေါင်းကဆံပင်တွေကိုပြန်စမ်းကြည့်ကာ ပွနေသောဆံပင်တွေကို လက်နဲ့သပ်လိုက်သည်...
"ပြောပါဦး ဘာတွေစိတ်ညစ်နေတာလဲ..."
Kook-ဟိုလေ ကျွန်တော်တို့ CEO ရုံးခန်းသွားလို့မရဘူးလား...
"ငါတို့လို ဝန်ထမ်းအသစ်တွေမပြောနဲ့...စီနီယာတွေတောင် CEO ရုံးခန်း မရောက်ဖူးသေးတဲ့သူတွေ အများကြီးရှိတယ်...မန်နေဂျာ ရုံးခန်းတောင် အဖွဲ့မှူးခိုင်းစရာရှိမှ သွားရတဲ့ဟာကို..."
Kook-ဟူး...ဒါဆို နည်းလမ်းမရှိတော့ဘူးပေါ့...
"နေစမ်းပါဦး..နင်က CEO ရုံးခန်း ဘာသွားလုပ်ဖို့..."
Kook-ဟမ်!! ဘာ..ဘာမှမလုပ်ပါဘူး...ဒီအတိုင်း မေးကြည့်တာ...
"ဒါဆိုလဲ ပီးတာပဲ...ဒါနဲ့ နင့်အလုပ်တွေ အကုန်ပီးပီလား..."
Kook-ပီးပီလေ...အဖွဲ့မှူး နောက်ထပ်ပေးမဲ့ ကုန်ကြမ်းစာရင်းကို စောင့်နေတာ...
"နင်ကတော့ ဘာလုပ်လုပ် မြန်ပီး တိကျနေတာပဲ...ငါမှာတော့ ဟိုဟာလုပ်လဲမှား ဒီဟာလုပ်လဲမှား...မှားလို့ပြန်ဖျက်ရ နဂိုကတည်းက နှေးပါတယ်ဆို အဲ့ဒါတွေပြန်လုပ်နေတာနဲ့ ခုထိ မပီးသေးဘူး..."
Kook-စကားများနေတာရော ထည့်မပြောတော့ဘူးလား...
"ပါးစပ်ပါတော့လဲ ပြောချင်တာပေါ့ နင်ကလဲ...ဒါနဲ့ နင် အရင်က ဘယ် Company မှာလုပ်ဖူးတာလဲ..."
Kook-ဘယ် Company မှမလုပ်ဖူးဘူး...ဒီ Company ပထမဦးဆုံးပဲ...
"WOW~ တကယ်ကြီးလား...အဲ့ဆို နင်ကျောင်းတက်တုန်းက တော်တော်,တော်ခဲ့မှာပဲ..."
![](https://img.wattpad.com/cover/274166472-288-k758576.jpg)
YOU ARE READING
True love {Completed}
FanfictionUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...