Zawgi;
နေရောင်ခြည်အလင်းတန်းများက Jungkook မျက်နှာနုနုလေးအား မထိတထိ လာရောက်ကျီစယ်နေတာကြောင့် အမြင်အာရုံ မနိုးကြားလာသေးခင် သူ့ဘေးတစ်နေရာကို လက်နဲ့အရင်စမ်းမိသည်...သို့သော် နေရာအလွတ်ဖြစ်နေ၍ အေးအေးစက်စက်ခံစားမှုကြောင့် ဖွင့်ချင်မဖွင့်ချင် ခပ်မှေးမှေးမျက်လုံးများဖြင့် ထိုနေရာကို စောင်းကြည့်ပီး လူမရှိနေမှန်းသိတော့မှ ဆက်ခနဲထထိုင်လိုက်ကာ အိပ်ရာကနိုးနိုးချင်း သူလုပ်နေကျ အကျင့်အတိုင်း မျက်လုံးနှစ်ဖက်ကို လက်ခုံနဲ့ ခပ်ကြမ်းကြမ်းပွတ်သပ်နေလေသည်...Seokjin-Koo မျက်လုံးကို အဲ့လိုမပွတ်ရဘူးလို့ ကိုကို ဘယ်နှခါပြောရမလဲ..အခုထိ အဲ့အကျင့်ကို မပြင်သေးဘူး..အဲ့လိုလုပ်တာ မကောင်းဘူး Koo ရဲ့...
Kook-ဟီးဟီး...ကိုကို မရှိဘူးထင်လို့...
မျက်လုံး ပွတ်သပ်နေရင်း Seokjin အသံကြားမှ မျက်လုံးတွေပြူးကျယ်သွားကာ အသံကြားရာ နေရာကိုကြည့်လိုက်တော့ မှန်တင်ခုံရှေ့တွင် မတ်တပ်ရပ်၍ suit အဖြူကို ကြယ်သီးတပ်နေကာ မှန်ကနေတစ်ဆင့် သူ့ကိုကြည့်ပီးပြောနေတဲ့ Seokjin ကို တွေ့လိုက်ရသည်...အပြစ်လုပ်ထားတဲ့သူမလို့ နိုးနိုးချင်း ချွဲနေရပြန်သည်...
Seokjin မှန်ကိုကျောခိုင်းပီး သူ့ဘက်မျက်နှာမူလိုက်ကာ....
Seokjin-Aww ကိုကိုမရှိရင် ကြိုက်သလိုလုပ်မယ် နေမယ်ဆိုတဲ့သဘောလား...
Kook-Arr အဲ့..အဲ့လိုမဟုတ်ပါဘူး ကိုကိုရယ်...မောင်လဲ မေ့ပီးလုပ်မိသွားတာပါ...ပီးမှ ကိုကိုရှိနေမှန်း သိတာ...
Seokjin-ပြောလိုက်ရင် ဆင်ခြေ ဆင်လက် ဆင်နားရွက်တွေ ပေးတော့တာပဲ...ထ ထ မျက်နှာသွားသစ်တော့...
Kook-ကိုကို ဒီနေ့ Company ပိတ်ရက်ကြီးလေ...
Seokjin ထိုင်ခုံပေါ်ထိုင်လိုက်၍ မှန်ကြည့်ပီး ခေါင်းဖြီးနေရင်း...
Seokjin-အေလေ သိတယ်လေ...
Kook-သိရင် ဘာလို့ အဖြူ suit ကြီးဝတ်ထားတာလဲ...
Seokjin-သွားစရာရှိလို့...
Jungkook ပေါင်ပေါ်က ဖက်လုံးကို ဘေးပို့လိုက်ပီး...
Kook-ဘယ်သွားမလို့လဲ...
Seokjin သူ့ကို မှန်ကတဆင့်ကြည့်လိုက်ပီး...
YOU ARE READING
True love {Completed}
FanfictionUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...