Unicode;
အချိန်အတန်ကြာသော်...အိမ်ပြန်ရောက်ပီဖြစ်သောကြောင့် Taxi ခရှင်းကာ အိမ်ရှေ့မှာစောင့်နေမည် ပြောသွားသော Koo ကို အိမ်ရှေ့အနှံ့ လိုက်ရှာနေမိသည်....သို့သော် ရှာလို့မတွေ့....
Seokjin-ဒီကောင်လေး အိမ်ရှေ့မှာ စောင့်နေမယ်လို့ပြောသွားပီးတော့ အိမ်ရှေ့မှာလဲ မရှိဘူး....
ကျွန်တော်လဲ ရှာမတွေ့တာကြောင့် အိမ် pw နှိပ်ကာ အိမ်ထဲဝင်လာခဲ့သည်....ဧည့်ခန်းမီးတွေဖွင့်ပီး မီးဖိုချောင်ခန်းဝင်ကာ မီးဖွင့်၍ ရေခဲသေတ္တာထဲမှ ရေအေးအေးတစ်ဘူးနှင့် ခွက်တစ်ခွက်ယူကာ ထမင်းစားပွဲပေါ်တွင် ဖုန်းတင်ပီး ခုံပေါ်တွင်ထိုင်လိုက်သည်...ခွက်ထဲ ရေအေးအေးလောင်းထည့်ပီး သောက်နေစဉ် ဖုန်းထဲဝင်လာသော Message တစ်စောင်...
"ကိုကို မောင် ကိစ္စရှိလို့ မလာနိုင်တော့ဘူး...မောင်တောင်းပန်ပါတယ်..."
Aww Koo ကိစ္စရှိလို့ မလာနိုင်တာလား...Seokjin ရေ ဒီတစ်ခါ မင်းတွေးတာ အကြီးကြီးမှားသွားပီကွာ....မင်းထင်နေတာ သူ မင်းကို သဝန်တိုနေလို့ ဒေါသထွက်ပီး ဒီပြဿနာရှင်းတော့မယ်လို့ ထင်နေတာမလား...ဟား...ကိုယ့်ကိုကိုယ် နဲနဲတော့ ရယ်ချင်သွားပီ...မင်းက သူ့ကိစ္စတွေလောက် အရေးမပါဘူးကွ....အရင်တုန်းက Koo ကမရှိတော့ဘူး...သူ့အတွက် မင်းကသာ ပထမ ကျန်တာက ဖွဲနဲ့စကွဲလို့ ထင်ခဲ့တဲ့ Koo က မင်းအနားက ထွက်သွားတာကြာလှပီ...မင်းကို တခြားသူစိမ်းတစ်ယောက်နဲ့ အမြဲသဝန်တိုနေတဲ့ Koo က တခြားသူရင်ခွင်မှာ ပျော်နေတဲ့သူ ဖြစ်နေပီလေ...မင်း ဘာတွေ မျှော်လင့်နေတာလဲ...မင်းက အချိန်တန်ရင် သူထားခဲ့မဲ့သူ...
ကျွန်တော်ဟာ Koo နဲ့မသက်ဆိုင်တော့တဲ့သူဆိုတာ ကိုယ့်ကိုကိုယ် သတိပေးနေချိန်... လက်ထဲကိုင်ထားသော Phone screen ပေါ်ရှိ message ပေါ်တွင် ဘယ်ချိန်ကတည်းထွက်နေမှန်းမသိသော မျက်ရည်များ အိုင်ထွန်းနေလေသည်....ကျွန်တော် ငိုနေလို့လဲ ဘာမှပြောင်းလဲလာမှမှာ မဟုတ်တာ...ထပ်မငိုမိအောင် စိတ်တင်းထားလျက် ကျွန်တော့်ပါးပြင်ပေါ်ကမျက်ရည်တွေကို လက်ဖဝါးနှင့် ခပ်ကြမ်းကြမ်းဖိကိုင်၍ Phone screen ပေါ်ရှိ မျက်ရည်များကိုလဲ သုတ်လိုက်သည်...
YOU ARE READING
True love {Completed}
Fiksi PenggemarUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...