Episode 12

2.9K 272 8
                                    

Zawgi;
ကျွန်တော်နှင့် Namjoon ကုန်တိုက်မှအပြန် စားလိုက် သောက်လိုက်နှင့် လျှောက်လည်လို့ဝမှ ဆိုင်သို့ပြန်လာခဲ့သည်.....

Yoongi-မင်းတို့နှစ်ကောင် ငါမပါဘဲ လျှောက်သွားကြတာ တော်တော်မှပျော်ခဲ့ကြရဲ့လား....

Seokjin-ဒါပေါ့ အရမ်းပျော်ခဲ့တယ်...နော် Namjoon...

Namjoon-ဟုတ်တယ်...Yoongi Hyung နဲ့လျှောက်သွားတုန်းကနဲ့ တခြားစီပဲ...

Yoongi-ဟျောင့် မင်းရဲ့ Hyung က သူလား ငါလား...

Namjoon-ဟင် အဲ့ဒါနဲ့ဘာဆိုင်လို့လဲ...Hyung ဘာသာ လူမှန်းမသိ သူမှန်းမသိ အိပ်ပျော်ခဲ့တာလေ...

Yoongi-ငါ ခဏလေးအိပ်ပျော်သွားတာ အပြစ်ပြောလို့မဆုံးတော့ဘူး...

ကျွန်တော် ဘာမှဝင်မပြောဘဲကြည့်နေတာ နားထောင်ကောင်းလို့ ကြည့်နေတယ်များ ထင်နေလားမသိ...

Namjoon-Hyung အိပ်တာ ခဏလေးပေါ့လေ ဟုတ်လား...သေချာလေးလဲ ပြန်စဉ်းစားပါဦး Hyung ရယ်...

Yoongi-မင်း ငါ့ကို ပြန်မပြော.....

Seokjin-ကဲ တော်ကြပါတော့ကွာ...မနက်​ဖြန်ပဲ ခွဲရတော့မယ်...ခုထိ ရန်ဖြစ်လို့ကောင်းနေကြတုန်းပဲလား...

Yoongi-မင်း မနက်ဖြန်ပြန်ရမှာမလို့ သက်သာသွားတယ်မှတ်...

Namjoon-ကြောက်လိုက်တာ😝....

Yoongi-မင်း သေ...

Seokjin-တော်ပါတော့ကွာ...အဲ့ဒီလောက်တောင် ဖြစ်ချင်နေကြရင် ငါပြန်မှ ဖြစ်ကြ...မိုးလဲချုပ်နေပီ ငါပြန်တော့မယ်...

ဒီနှစ်ကောင် သတ်နေတာနဲ့ ကျွန်တော် အိမ်ပြန်ရတော့မှာ မဟုတ်ဘူး...ဒီဆိုင်မှာပဲ သုံးယောက်သား ညအိပ်ရမဲ့ကိန်းရှိတယ်...အိပ်ချင်ရင် သူတို့နှစ်ယောက်ပဲအိပ် ကျွန်တော်တော့ မအိပ်နိုင်ဘူး...

Namjoon-ကျွန်တော် လိုက်ပို့ပေးမယ်​လေ Hyung...

Seokjin-ရပါတယ်ကွာ...တော်ကြာ မင်းတို့နှစ်ကောင် သတ်လို့မဝ အယ် မှားလို့ အလွမ်းသယ်လို့မဝဘဲ ဖြစ်နေပါဦးမယ်...

Namjoon-Yoongi Hyung နဲ့က လေယာဉ်ပေါ် မတက်ခင်အထိ တွေ့ရဦးမှာ...Hyung က အခုပြန်သွားရင် တွေ့ရတော့မှာမဟုတ်ဘူး...နော် လိုက်ပို့ပေးမယ်နော် Hyung...

True love {Completed}Where stories live. Discover now