Episode 7

2.9K 266 31
                                    

Unicode;
မျက်ရည်တွေကို ပထမဆုံးအကြိမ် မုန်းမိခြင်းဖြစ်သည်...အရင်ကဆို မျက်ရည်သည် နာကျင်မှုကို အနည်းအကျဉ်းမျှ သက်သာစေပီး ကျွန်တော့်အတွက် အိပ်ဆေးသဖွယ် ဖြစ်သောကြောင့် ငိုကြွေးတာကို မကြိုက်ပေမဲ့ ​ကျေးဇူးတင်မိသည်...ထိုစဉ်...

"ကောင်လေး ဘယ်ကိုမောင်းပေးရမှာလဲ"

ဟုတ်သားပဲ Taxi ငှါးပီးတာနဲ့ ဘာမှမပြောဘဲ ငိုနေတာ...ဦးလေးကြီးလဲ မေးရမှာ အားနာလို့ထင်သည်...အငို နည်းနည်းတိတ်မှ ကျွန်တော်ကို ကားကြည့်မှန်ကနေတစ်ဆင့်ကြည့်၍ မေးလေသည်....

Seokjin-Arrr အားနာလိုက်တာ...ကျွန်တော်လဲ ပြဿနာနဲနဲရှိနေလို့ တောင်းပန်ပါတယ်....

"ရပါတယ်ကွာ ဒါမျိုးက ဖြစ်တတ်ပါတယ်....ကဲ အခု ဘယ်မောင်းပေးရမလဲ"

ကျွန်တော်ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဆိုင်နဲ့ တစ်လမ်းစီ ဖြစ်နေပီ...နဲနဲထပ်သွားရင် ဟန်မြစ်ရောက်ပီမလို့...စိတ်ပြေလက်ပျောက် လမ်းလျှောက်ရန်....

Seokjin-အဲ့ဆို ဟန်မြစ်ကိုမောင်းပေးနော် ဦးလေး

ကျွန်တော့်ကို ကားမှန်ကတစ်ဆင့် ခေါင်းငြိမ့်ပြလေသည်...ထို့နောက် ကားဘီးလေးတွေက ဟန်မြစ်ဆီသို့....

ဟန်မြစ်ရောက်တော့ Taxi ခရှင်း၍ အားနာစကားရော ကျေးဇူးတင်စကားရော တရစပ် အခေါက်ခေါက် အခါခါပြောနေမိသည်....ဦးလေးတောင် ကျွန်တော့်ကို ပြန်အားနာနေရသည့်အထိ ပြောနေခဲ့သည်....

ထ်ိုနောက် လမ်းလေးနဲနဲလျှောက်ပီး မွန်းတည့်ချိန် ဖြစ်သောကြောင့် အရိပ်ရသည့် နေရာရှာပီး ဟန်မြစ်ကို မျက်မှာမူကာ မြက်ခင်းစိမ်းစိမ်းပေါ်တွင် စိတ်ပင်ပန်း လူပင်ပန်းနှင့် ထိုင်ချလိုက်သည်....

မဖြစ်တော့ဘူး Koo ရေ ကိုကို ဆုံးဖြတ်ချက်ပြတ်ပြတ်သားသား ချမှဖြစ်တော့မယ်...အစက Koo ကို လျစ်လျူရူဖို့ ကိုကို နောက်ဆံတင်းနေခဲ့တာ....ကိုကို အဲ့လိုလုပ်လိုက်ရင် ကိုကို ခံစားမှာကိုတောင် ထည့်မတွေးဘဲ Koo ခံစားသွားရမလား Koo ကိုကို့ကို မုန်းသွားမလား... ကိုကို့ကို မရွေးချယ်ရင်တောင် အမုန်းနဲ့လမ်းမခွဲချင်တာ ကိုကို့ဆန္ဒပါ....

True love {Completed}Where stories live. Discover now