Uncode;
မနက် ၇နာရီ....ဒီနေ့ Namjoon နဲ့ ကုန်တိုက်သွားမည်ဖြစ်သောကြောင့် ရေမိုးချိုး အဝတ်အစားလဲ ပြင်ဆင်ပီး ထမင်းစားပွဲပေါ်တွင် Breakfast အဖြစ် လက်ဖက်ရည်တစ်ခွက်နှင့် မုန့်အချို့ထိုင်စားနေသည်...
"Cos ah ah🎶🎶 I am in star tonight so🎶🎶 watch me bring the fire🎶🎶 and set"
ဖုန်းသံမြည်လာသောကြောင့် Phone Contact ကြည့်လိုက်တော့ "Unknown Number"...Namjoon ရဲ့ဖုန်းနံပါတ် ကျွန်တော့်မှာ မရှိပါ...သူလာရင် ကျွန်တော့်ဆီ ဖုန်းဆက်မယ်လို့ ပြောထားသောကြောင့် Namjoon အထင်နှင့် ဖုန်းကိုင်လိုက်တော့...
Seokjin-Namjoon ရေ Hyung အကုန်ပြင်ဆင်ပီးပီ....မင်းလာနေပီလား...
Jiyoon-Kim Seokjin shi...ကျွန်မ Sung Jiyoon ပါ...ကျွန်မတို့ အပြင်မှာ စကားခဏပြောကြရအောင်...
ကျွန်တော် တစ်ချက် ဆွံ့အသွားသည်...ဒါ Koo ကောင်မလေးအသံဆိုတာ ကြားလိုက်ရုံနဲ့ တန်းမှတ်မိပါသည်...ဒါပေမဲ့ သူ ဘာလို့ ကျွန်တော့်ကို ဖုန်းဆက်တာလဲ...ဟိုအကြောင်းကိစ္စကလွဲရင် သူနဲ့ ကျွန်တော်နဲ့ကြားမှာ ပြောစရာစကားမရှိ...
Seokjin-မိန်းကလေးနှင့်ကျွန်တော်ပတ်သတ်မှုက ပြောစရာစကားတွေရှိရလောက်တဲ့ ပတ်သတ်မှုမျိုးမှ မဟုတ်တာ...
Jiyoon-ရှင် အခုမှ ရူးချင်ယောင်မဆောင်နေနဲ့...ရှင်နဲ့ ကိုကို ဘာတွေလဲဆိုတာ ကျွန်မထက် ရှင်ပိုသိမှာပေါ့...
ဟင်...ဒါဆို ကျွန်တော်နဲ့ Koo အကြောင်း သူသိသွားပီပေါ့...ဒီကိစ္စတွေ တစ်ချိန်ချိန်မှာ သူသိလိမ့်မည်လို့ ကြိုတွေးထားပေမဲ့ တကယ်တမ်း ရင်ဆိုင်လာရမဲ့အခါ ကျွန်တော် အနည်းငယ် ကြောက်ရွံနေမိသည်...
Seokjin-ကောင်းပီလေ ဘယ်မှာတွေ့မှာလဲ...
Jiyoon-ကျွန်မတို့ဆေးရုံရှေ့က ကော်ဖီဆိုင်မှာ တွေ့ကြတာပေါ့...
Seokjin-ကောင်းပါပီ ကျွန်တော် ခဏနေရင် လာခဲ့ပါ့မယ်...
ကျွန်တော် ဖုန်းချလိုက်ပီး ကျွန်တော်ရဲ့ပုံမှန်ထက်အခုန်မြန်နေသော ဘယ်ဘက်ရင်အုံကို ဖိကိုင်ပီး ငိုင်နေမိလေသည်...တစ်နေ့မဟုတ်တစ်နေ့ ဒီလိုချိန် ရောက်လာမည်ဆိုတာ ကြိုခန့်မှန်းထားတာကြောင့် အကောင်းဆုံးဖြေရှင်းဖို့သာ ရှိတော့သည်...
YOU ARE READING
True love {Completed}
FanfictionUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...