Unicode;
မနက် ၇နာရီ....နေရောင်ခြည်အလင်းတန်းများ ကျွန်တော့်မျက်နှာကို လာရောက်ကျီစယ်နေသောကြောင့် ကျွန်တော်နိုးလာခဲ့သည်...နိုးလာသည်နှင့်တပြိုင်နက် ဘေးကတစ်နေရာကို လက်နှင့်စမ်းမိသည်.... အေးစက်စက်ဖြစ်နေတာကြောင့် ချစ်ရသူ တနည်းအားဖြင့် ပိုင်ဆိုင်ခွင့်မရှိသောသူ ကျွန်တော့်ဘေးတွင်မရှိတော့ကြောင်း သိလိုက်ရသည်....မျက်လုံးကို ဖြည်းဖြည်းချင်းဖွင့်ပီး ထထိုင်လိုက်သည်...မနေ့ညက ချစ်သူရင်ခွင်တစ်စုံနှင့်အတူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ခဲ့ရလို့ ယမနေ့ မနက်တွင် စိတ်ကြည်လင်လန်းဆန်းနေသည်နှင့်အမျှ ထိုသို့ နောက်တစ်ဖန် မရရှိနိုင်တော့ကြောင်း ခေါင်းထဲ တစ်ပြိုင်နက်ဝင်လာသည်....
ကျွန်တော် သက်ပြင်းတစ်ချက်ချရင်း....
Jin-ဟုတ်သားပဲ...နောက်ဆုံးဆိုတာ ကိုကိုမေ့သွားတယ် Koo ရယ်
နှုတ်က လွှတ်ခနဲထွက်သွားပီး သက်ပြင်း နောက်ထပ်တစ်ကြိမ် ချလိုက်သည်...မနက်စောစောစီးစီး သက်ပြင်း နှစ်ခါတောင်ချပီးပီဆိုတော့ ဒီနေ့တစ်နေ့လုံးတော့ ကောင်းခြင်းသုခမင်္ဂလာအဖြာဖြာ ပြည့်စုံတော့မှာပဲ...ဟူး....ကျွန်တော် အတွေးတွေကိုလက်စသတ်လိုက်ပီး အကြောဆန့်ကာ ရေမိုးချိုးရန် ရေချိုးခန်းဆီသို့....
ရေမိုးချိုးပီး အဝတ်အစားလဲကာ အိမ်အောက်ထပ် ဆင်းလာသည်....Breakfast အဖြစ် ပေါင်မုန့်ယိုသုတ်နှင့် ကော်ဖီခါးခါး ဖျော်ရန်ပြင်နေစဉ်....
Seokjin-Arrr မေ့ပြန်ပီ Koo ကမသောက်ရဘူးလို့ ပြောထားတယ်မလား Koo သိရင်တော့ ငါ့ကိုဆူတော့မှာပဲ....ဒီခေါင်းကတော့....
ကျွန်တော် ကိုယ့်ကိုကိုယ်ပြောပီး ခေါင်းကို ခပ်ဖွဖွရိုက်လိုက်သည်...ဘယ်လိုပဲ သူ့ကို လျစ်လျူရူဖို့ကြိုးစား ကြိုးစား သူ့စကားတော့ နားထောင်ချင်သေးသည်....ဒီအတိုင်းလေးပဲ နားထောင်ချင်တာပါ... သူ့ကို ပိုင်ဆိုင်ဖို့လဲ မကြိုးစားသလို သူ့အချစ်တွေကိုလဲ မမျှော်လင့်ထားပါဘူး....စွန့်လွှတ်ရတော့မဲ့လူ ပိုင်ဆိုင်ခွင့်မရှိတဲ့လူဆိုတာလဲ သိပီးသားပါ....
ထို့နောက် ရေခဲသေတ္တာထဲက နို့ဘူးကိုယူ၍ ပြန်ပိတ်လိုက်တော့ မြင်လိုက်ရသော အရာကြောင့် ရင်ဘတ်ထဲ ဒိတ်ခနဲ....
YOU ARE READING
True love {Completed}
FanfictionUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...