Zawgi;
Seokjin နဲ့ Jungkook Hotel ထဲဝင်သွားတာနဲ့ Hoseok ဝန်ထမ်းတွေနဲ့စကားပြောနေရင်း သူတို့နှစ်ယောက်ကို တွေ့လိုက်တာကြောင့် သူတို့အနားလျှောက်သွားကာ...Hoseok-Hyung နဲ့ Jungkook နဲ့က ဘယ်လိုဖြစ်ပီး အတူတူရောက်လာတာလဲ...ကျွန်တော် Hyung ကိုရှာတာ မတွေ့ဘူး...ဘယ်ရောက်နေတာလဲ...အဲ့ဒါနဲ့ ကျွန်တော်လဲ Hyung ရဲ့အတွင်းရေးမှူးကားနဲ့ လိုက်လာခဲ့ရတယ်...
Seokjin Hoseok ကို မခို့တရို ပြုံးပြကာ...
Seokjin-အင်..Hobi အတွင်းရေးမှူးနဲ့လိုက်သွားတာ Hyung သိတယ်...
Hoseok-ဘယ်လိုဖြစ်ပီးသိတာလဲ...အဲ့မှာ Hyung မှမရှိတာ...
သူတို့သုံးယောက် အထဲဝင်လာကာ လူမရှိတဲ့ဝိုင်းမှာထိုင်လိုက်ပီး...Seokjin ဝိုင်ခွက်ကိုင်၍ တစ်ငုံသောက်လိုက်ကာ...
Seokjin-ရှိတယ် အခန်းထဲမှာ....
Hoseok-ဟမ်! ဟုတ်လား...ကျွန်တော် အခန်းထဲဝင်ကြည့်တာ မရှိပါဘူး...ဘယ်လိုဖြစ်တာလဲ...
Seokjin Jungkook ကိုလှည့်ကြည့်တော့ သူ့ကို ရယ်ချင်စိတ် မနဲထိန်းထားသည့်ပုံစံနှင့် မျက်ခုံးပင့်ပြနေလေသည်...Hoseok ကို ပြန်ကြည့်ကာ ပြုံးစိစိ မျက်နှာထားဖြင့်...
Seokjin-ပြောပြလိုက်ရင် Hobi Hyung ကို ဆူမှာလား...
Seokjin မျက်လုံးလေး ပေကလက် ပေကလက်ဖြင့် သူ့ကို ချွဲနေသလို ပြောနေတော့ သေချာတယ်..ဒီ Hyung မဟုတ်တာ လုပ်ထားလို့ပဲ...
Hobi-အင် မဆူဘူး..မှန်မှန်ပြော...
Seokjin-အဲ့ဒါကလေ..Hyung Koo နဲ့သွားချင်လို့ Hobi မတွေ့အောင် Hyung ပုန်းနေတာ...
Hoseok ဝိုင်သောက်နေရင်း Seokjin စကားကြောင့် သီးသွားကာ ဝိုင်ခွက်ကို ပြန်ချရင်း...
Hoseok-အဟွတ်..ဟွတ်...Hyung..Hyung ဘယ်မှာပုန်းနေတာလဲ...
သူက အကြီးဆိုပေမဲ့ အပြစ်လုပ်ထားတော့ အငယ်ကိုလဲ ကြောက်ရတာပေါ့...Jungkook ကတော့ ဒီအချိန်မှာ ပွဲကြည့်ပိရိတ်သတ်နေရာမှာပင်...
လက်နှစ်ဖက်ကို ပွတ်သပ်နေရင်း...
Seokjin-ဟီးဟီး...စားပွဲအောက်မှာ ပုန်းနေတာ..
Kook-ဖြီး....
Hoseok-ဟား..ဟား...CEO ကြီးက စားပွဲအောက်မှာ ပုန်းနေတာပေါ့လေ...
YOU ARE READING
True love {Completed}
FanficUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...