Zawgi;
Show ပွဲမှပြန်လာတော့ ည ၁တစ်နာရီထိုးနေလေပီ...Yoongi-ဟျောင့် show ပွဲက ကောင်မလေးတွေကွာ အတိုအပြတ်လေးတွေနဲ့...ဟီးဟီး အသည်းယားလိုက်တာ...
Seokjin-နှာဘူး...ဒါပဲ လိုက်ကြည့်နေလိုက်...မင်း ဒါတွေကြည့်ချင်လို့ Show ပွဲသွားတာမလား...
Yoongi-မဟုတ်ပါဘူးကွာ...မြင်တော့လဲကြည့်လိုက်တာပါ...ဟျောင့် ကြည့်လိုက်ဦး...
Seokjin-ဟင်....
Yoongi မျက်စပစ်ပြလိုက်တဲ့နေရာကို ကျွန်တော်လှည့်ကြည့်လိုက်တော့ ကျွန်တော့်ဘေးက မျက်နှာကြီးမှုန်ကုပ်နေပီး တွေ့သမျှဂဲလုံးတွေကို ခြေထောက်နဲ့ အားမပါတပါ ကန်နေသော အသေးလေး...
Seokjin-Koo ဘာဖြစ်လို့လဲ...
ကျွန်တော် သူ့ကိုကြည့်ပီး မေးနေသော်လည်း သူ့ကတော့ ကျွန်တော့်ကို ပြန်မကြည့်ဘဲ အောက်ကိုသာ ခေါင်းငိုက်စိုက်ပီး ခေါင်းခါကာ...
Kook-ဘာမှမဖြစ်ဘူး...ဒီအတိုင်းပဲ...
ဒီခလေး ဘာဖြစ်နေတာလဲ...ဘာမှမဖြစ်ဘူးလို့ပြောတာ မျက်နှာက တစ်ခုခုတော့ တစ်ခုခုပဲ...Show ပွဲကပြန်လာပီးကတည်းက မျက်နှာက မအီမသာနဲ့...ဘာကို အလိုမကျနေလဲမသိဘူး...မေးတော့လဲ မဖြေဘူး...
Seokjin-Show ပွဲမှာ လူအရမ်းများလို့ စိတ်ရူပ်သွားတာလား...ဒါမှမဟုတ် တစ်ယောက်ယောက်နဲ့ ထိခိုက်မိသွားလို့လား...Hyung တောင်းပန်ပါတယ် Hyung Koo ကိုကောင်းကောင်း မကာကွယ်နိုင်လိုက်ဘူး...
ဟာ...ဘာလို့ဒီအကြောင်းတွေ ပြန်ပြောနေရတာလဲ...ကျွန်တော် စိတ်အလိုမကျနေတာ အဲ့ကိစ္စကြောင့်ပေါ့...အစတုန်းက Hyung ကိုကာကွယ်ဖို့ Hyung ကို ဘယ်သူမှလာမထိ လာမကိုင်စေဖို့ ကျွန်တော် Hyung တို့နဲ့လိုက်သွားတာ...ဒါပေမဲ့ တကယ်တမ်း ရောက်သွားတော့ Hyung ကကျွန်တော့်ကို ပြန်ကာကွယ်နေတာတဲ့လား...
ကျွန်တော် အရင်ကထက်စာရင် အရပ်တော့ရှည်လာပေမဲ့ ခန္ဓာကိုယ်ကတော့ Hyung နဲ့ယှဉ်ရင် သေးငယ်နေတုန်း...Show ပွဲမှာ မီးရောင်စုံအောက်က လူတွေတိုးကျပ်နေတဲ့အချိန် Hyung ဘေးမှာရပ်နေတဲ့ ကျွန်တော့်ကို ဘာမှမပြောဘဲ စိုးရိမ်တကြီးနဲ့ လက်ကဆွဲပီး Hyung ရင်ခွင်ထဲ ထည့်ထားတာ...
YOU ARE READING
True love {Completed}
FanficUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...