Unicode;
Koo နိုးလာရင် စားဖို့အတွက် မီးဖိုချောင်ထဲတွင် ချက်ပြုတ်နေခဲ့သည် ခေါင်းထဲတွင် အတွေးပေါင်းစုံက ကျွန်တော်ကို အဖော်ပြုပေးနေလ်က္...မနေ့ညက Koo ဘာတွေလုပ်နေခဲ့တာလဲ သူပြောတော့ အရေးပေါ်လူနာတဲ့...ဒါပေမဲ့..ဒါပေမဲ့ ဟင့်အင်း ကျွန်တော် ယုံတယ် Koo ပြောတာမှန်တယ် ကိုယ်ချစ်တဲ့လူတစ်ယောက်ရဲ့စကားကို ကိုယ်မှမယုံပေးရင် ဘယ်သူက လာယုံပေးမှာလဲ...ဒါဆို Koo ဆီကရတဲ့ မိန်းကလေးရေမွှေးနံ့ဆိုတာကရော....အတွေးတွေ ပျံလွင့်နေတုန်း....Kook-ကိုကို ဘာလုပ်နေတာလဲ
အတွေးတွေကို လျစ်လျူရူ၍ အခန်းဝမှာရပ်နေသော Koo ကို
Seokjin-Aww Koo နိုးပီလား...လာ ထမင်းစားကြရအောင်
Kook-ဟာ... အတော်ပဲ ဗိုက်အရမ်းဆာနေတာ မနေ့ညက ဘာမှမစားရသေးဘူး
Koo ရော ကျွန်တော်ရော မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်
ကျွန်တော်ပျော်နေသည်...Koo ကကျွန်တော်ချက်ထားတဲ့ ထမင်း ဟင်းကို အားရပါးရစားနေတာလေ ဒီလိုမြင်ကွင်းကို မနေ့ညကတည်းက မြင်ခွင့်မပေးတဲ့ကံကြမ္မာကို မုန်းသည်... ဟုတ်တယ် မနေ့ညက ကိစ္စကKoo ပြန်မလာတာ ကံတရားကြောင့်...Koo ကြောင့် မဟုတ်ဘူး ကျွန်တော် စိတ်သက်သာရာရဖို့အတွက် Koo ကို အပြစ်မမြင်ချင်တဲ့အတွက် ကံတရားကို အပြစ်ပုံချလိုက်တာ ကျွန်တော် မလွန်ပါဘူးနော်
Seokjin-Koo စားကောင်းလား
Kook-ကောင်းတာပေါ့ ကိုကိုရဲ့ ကိုကို့လက်ရာတောင် မစားရတာကြာပီ
Seokjin-မနေ့ညက ဘာလို့ ဘာမှမစားတာလဲ ဗိုက်မဆာဘူးလား
Kook-ဆာတာပေါ့ ကိုကိုရယ် ဒါပေမဲ့ ဂျီယွန်း.....
Koo စကားမှားသွားတယ်ထင်ပါရဲ့ ကျွန်တော် မကြားချင်ယောင်ဆောင်ပီး ထမင်းသာငုံ့စားနေလိုက်သည် Koo မသိစေချင်တဲ့အကြောင်းအရာကို ကိုကိုလဲ မသိချင်ပါဘူး Koo မသိစေချင်တာထက် ကိုကို မသိချင်တာ မကြားချင်တာဆို ပိုမှန်လိမ့်မယ်ထင်တယ် ကိုကို အတ္တကြီးနေပြန်ပီ Koo ရယ်
Seokjin-Koo ဘာပြောလိုက်တာလဲ ကိုကို မကြားလိုက်လို့
ဟင် ကိုကိုမကြားဘူးတဲ့လား တော်ပါသေးရဲ့ Jeon Jungkook မင်းကံကောင်းသွားတယ်
YOU ARE READING
True love {Completed}
FanfictionUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...