Episode 28

2.5K 225 14
                                    

Zawgi;
Kook-မေမေရေ..မေမေ...

အိမ်ထဲဝင်ဝင်ချင်း လှမ်းအော်နေတဲ့ Jungkook ကြောင့် Mr.Jeon က စာကြည့်ခန်းထဲကထွက်လာပီး Mrs.Jeon က မီးဖိုခန်းထဲက ထွက်လာခဲ့သည်...

"သား...သားတို့ လာလေ..."

Mrs.Jeon ခေါ်တော့ Jungkook နဲ့ Seokjin ဧည့်ခန်းထဲ ဝင်ထိုင်လိုက်ကြသည်...

"သားတို့ ခဏထိုင်နေနော်...မေမေ ဟင်းအိုးမီးသွားပိတ်လိုက်ဦးမယ်..."

Mrs.Jeon ထိုသို့ပြောပီး မီးဖိုခန်းထဲ ပြန်ဝင်သွားသည်...ဧည့်ခန်းထဲတွင် Mr.Jeon နဲ့ သူတို့နှစ်ယောက်သာ ကျန်တော့သည်...

"Jungkook မင်းက ဖေဖေထင်ထားတာထက် အိမ်ထောင်ပြုနောက်ကျသားပဲ..."

Seokjin က​တော့ ရှက်ကိုးရှက်ကန်း ဖြစ်သွားပေမဲ့...Jungkook က ခပ်ပြေပြေ ရယ်လိုက်ကာ...

Kook-ဖေဖေကလဲ နောက်မကျပါဘူး...ကျွန်တော် အခုမှ 24နှစ်ပဲ ရှိသေးတယ် ငယ်ပါသေးတယ်...

"ငယ်သေးရင် အိမ်ထောင်မပြုနဲ့ဦးလေ..."

အဲ့တော့မှ Jungkook လက်တစ်ခါခါနဲ့ ဖြေရှင်းချက်ပေးလေသည်...

Kook-မဟုတ်..မဟုတ်ဘူးလေ...ကျွန်တော်က ငယ်သေးပေမဲ့ ကိုကိုက မငယ်တော့ဘူး...အ...ဘာလို့ရိုက်တာလဲ...

သူ့ကို မငယ်တော့ဘူးလို့ ပြောလိုက်လို့ Jungkook ကို မျက်စောင်းထိုးကာ ကျောကို အားမပါတပါ ရိုက်လိုက်သည်...

Seokjin-ကိုကို့ကို ဘာလို့ အသက်ကြီးနေပီလို့ ပြောလဲ...

Kook-ဘယ်မှာပြောလို့လဲ...မငယ်တော့ဘူးလို့ပဲ ပြောတာလေ...

Seokjin-တူတူပဲမလား...

Kook-ဘယ်မှာ တူလို့လဲ...

သူတို့နှစ်ယောက် ငြင်းခုံနေတာကိုကြည့်ပီး Mr.Jeon တစ်ယောက် ပီတိဖြစ်ကာ ပြုံးပဲပြုံးနေနိုင်တော့သည်...

"ဘာတွေဖြစ်နေတာလဲ...တူတာတွေရော မတူတာတွေရော...မီးဖိုခန်းထိပါ ကြားရတယ်..."

Mrs.Jeon မီးဖိုခန်းထဲက ထွက်လာရင်းပြောတော့...Seokjin Mrs.Jeon နားလျှောက်သွားပီး လက်ချိတ်လိုက်ကာ...

Seokjin-Jungkook ပေါ့..ကျွန်တော့်ကို အသက်ကြီးနေပီတဲ့...

"မကြီးပါဘူးကွယ်..Jungkook ခ​လေးကို ဘာတွေလျှောက်ပြောနေတာလဲ..."

True love {Completed}Where stories live. Discover now