Zawgi;
ညမီးအိမ်ရဲ့အလင်းရောင်အပြင် မည်သည့်အလင်းရောင်တစ်စိုးတစ်စိမှမရှိသောကြောင့် မီးရောင်မှိန်မှိန်သာရှိသော ရင်းနှီးနေတဲ့အခန်းတစ်ခုတွင် နွေးထွေးနေသယောင်ရှိသော ကုတင်ထက်၌ လူတစ်ယောက် ထိခိုက်ဒဏ်ရာတစ်ချို့နဲ့အတူ မေ့မြောနေသည့်အပြင် နောက်ထပ်လူတစ်ယောက်ကတော့ စိုးရိမ်ပူပန်ခြင်းများစွာနှင့်အတူ ထိုသူ သတိပြန်ရဖို့အတွက် သူ၏ဆေးပညာများနှင့် ကြိုးပမ်းနေလေသည်...Seokjin Jungkook ကိုပြေးဖက်လိုက်တော့ အရှိန်နှင့်လာနေသောဆိုင်ကယ်နဲ့တိုက်မိသွားသော်လဲ ဆိုင်ကယ်အရှိန်ဖြင့် လွှင့်ထွက်သွားပေမဲ့ လူနှစ်ယောက်ရဲ့ weight ကြောင့် ဝေးဝေးမရောက်သွားဘဲ ကားအသွားအလာမရှိသော လူကူးလမ်းမပေါ်မှာ နှစ်ယောက်စလုံး တစ်လိမ့်လိမ့်နှင့်လှိမ့်သွားပီး Jungkook ခေါင်းနဲ့ သစ်ပင်တစ်ပင်နဲ့ဆောင့်မိသွားသော်လဲ Seokjin ရဲ့လက်များက ပြေးဖက်ကတည်းက Jungkook ခေါင်းကို ကာကွယ်ထားပီးသားဖြစ်သည့်အတွက် Jungkook ဘာမှမထိခိုက်လိုက်ပေမဲ့ Seokjin လက်တော့ ပွန်းပဲ့ထိရှသွားခဲ့ရသည်...
Seokjin ကတော့ ရုတ်တရက်ဆန်သော အဖြစ်အပျက်ကြောင့် ထိတ်လန့်ခြင်းများနှင့် မော့မြောသွားပေမဲ့ Jungkook ကတော့ အသိရှိနေသေးသည်...Seokjin ကို Jungkook စစ်ဆေးကြည့်တော့ ဒဏ်ရာကလဲ သိပ်မပြင်းဘဲ ခဏတာမေ့မြောတာပဲမလို့ ဆေးရုံကို မခေါ်သွားတော့ဘဲ Seokjin ကားဖြင့် အိမ်ကိုခေါ်လာကာ သူရဲ့ဆေးပစ္စည်းများနှင့် Seokjin ကို ကုသပေးနေလေသည်...
-------------
Jungkook ရေဇလုံထဲ ရေစိုနေတဲ့အဝတ်တစ်ခုကို ရေညှစ်ပီး Seokjin လက်ချောင်းတွေကို သန့်ရှင်းပေးနေသည်...သူ လုပ်ပေးစရာရှိတာ အကုန်လုပ်ပီးပီမလို့ မီးဖိုခန်းမှာ ဆန်ပြုတ်တည်ထားရင်း Seokjin သတိရလာမည့်အချိန်ကို စောင့်နေလေသည်...
လက်ချောင်းလေးတွေကို ရေစိုအဝတ်နဲ့ တစ်ချောင်းပီးတစ်ချောင်း သန့်ရှင်းနေရင်း...
Kook-ကိုကို သတိရချိန် တန်ပီလေကွာ...မောင့်ကို စိတ်ပူအောင် လုပ်နေတာလား...ဒါမှမဟုတ် ဆေးရုံပဲခေါ်သွားရမလား...
Jungkook တစ်ချက်စဉ်းစားလိုက်ပီး...
Kook-မောင် ဆေးရုံခေါ်သွားပေးမယ်...ခဏ မောင် သိမ်းစရာရှိတာ သိမ်းလိုက်ဦးမယ်...
YOU ARE READING
True love {Completed}
FanficUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...