Zawgi;
ကျွန်မ Kim Seokjin ကိုတွေ့ဖို့ပြောလိုက်တာ မှားသွားမှန်း အခုမှသိလိုက်ရတယ်...ကျွန်မ တော်တော်ခံပြင်းတယ်...ကျွန်မ သူ့ကို ဘယ်လောက် စော်ကား စော်ကား သူ့မာနကိုထိခိုက်အောင် ဘယ်လောက်ပြော ပြော...သူ တစ်ချက်လေးတောင် ဒေါသမထွက်သွားတာ ကျွန်မ အံသြလို့မဆုံးဘူး...ဒေါသမထွက်တဲ့အပြင် တည်ငြိမ်အေးဆေးတဲ့အမူအရာနဲ့ ကျွန်မရဲ့စကားလုံးတိုင်းကို တစ်ခွန်းမကျန် အချက်ကျကျ ပညာသားပါပါ ပြန်တုံ့ပြန်နိုင်တာ ရှင်အရမ်းတော်တယ် Kim Seokjin shi....ဒီတစ်ခါ ရှင်နိုင်တယ်...ဒါပေမဲ့ နောက်တစ်ခါ ရှင်မရူံးဘူးလို့ မပြောနိုင်ဘူးလေ...အနိုင်အရူံးဆိုတာ အဆုံးသတ်မှ သိရတာ...ပြိုင်ပွဲပီးတဲ့အထိ ရှင်စောင့်ကြည့်လိုက်ပါဦး...ကျွန်မကတော့ ကိုကို့ကို ပိုင်ဆိုင်ရဖို့အတွက် မလုပ်သင့်တာတွေ လုပ်သင့်တာတွေ နားလည်မှာမဟုတ်ဘူး...ကျွန်မရဲ့အဆိပ် ဘယ်လောက်ပြင်းလဲဆိုတာ ရှင်သိစေရမယ်...
ကျွန်မ Kim Seokjin နဲ့တွေ့ပီးနောက် ကျွန်မ နှောင့်နှေးနေလို့ မဖြစ်တော့မှန်း သိလိုက်ရတယ်...ဒါကြောင့် ကျွန်မ ကိုကို့အခန်းထဲ သွားဖို့ဆုံးဖြတ်လိုက်သည်...
ကိုကိုအခန်းရှေ့ရောက်သော်...
"ဒေါက် ဒေါက်"
Kook-ဝင်ခဲ့ပါ....
Jiyoon-ကိုကို...
စာရေးစာပွဲတွင် VIP လူနာစာရင်းများ ကြည့်နေစဉ်...တစ်ချက်မော့ကြည့်ပီး...
Kook-ဂျီယွန်း မပြန်သေးဘူးလား...ညကျရင် Duty ရှိသေးတယ်မလား...
Jiyoon-ပြန်တော့မှာ...ကိုကို့ကို ပြောစရာရှိလို့ ခဏဝင်လာတာ...
Kook-ဘာပြောမလို့လဲ...ပြောလေ...
ထိုသို့ပြောပီး လုပ်လက်စအလုပ်များ ဆက်လုပ်နေသည်...
Jiyoon-ဂျီယွန်းတို့ လက်ထပ်ကြရအောင်...နော်
ကျွန်တော်လုပ်နေတဲ့ အလုပ်တွေတောင် မလုပ်နိုင်တော့လောက်အောင် ဆွံ့အသွားသည်....ဂျီယွန်းက ရုတ်တရက်ကြီး ဘာလို့ လက်ထပ်မဲ့အကြောင်း ပြောနေရတာလဲ...
Kook-ဟင်...
Jiyoon-မြန်လေ ပိုကောင်းလေပဲ ကိုကိုရာ...
YOU ARE READING
True love {Completed}
FanfictionUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...