Episode 5

2.8K 274 8
                                    

Unicode;
အိပ်ခန်းတံခါးကို ဆွဲဖွင့်ပီး ဝင်သွားလိုက်တာနဲ့ အလင်းရောင်မရှိသောအခန်း အထီးကျန်ဆန်​သောလေထု အေးစက်နေသောကုတင် နာကျင်နေသောအသက်ရူသံ စုတ်ပြတ်သတ်နေသောနှလုံးသားတစ်စုံ ပြိုလဲချင်နေသောခန္ဓာကိုယ် ကုန်းကောက်စရာမရှိလောက်အောင် ကျနေသောစိတ်ဓာတ်... အရာအားလုံးက ကျွန်တော့်ရဲ့ မျက်ရည်တွေ တာကျိုးသလို အတားအဆီးမဲ့စွာ စီးကျဖို့ တွန်းအား​ပေးနေခဲ့သည်....ထိုအရာတွေကြောင့် ကျွန်တော်လဲ ဟန်ဆောင်ဖို့ခံနိုင်ရည်မရှိတော့သလို မျက်ရည်မကျမိအောင် တောင့်ခံဖို့ အားမရှိတော့ပါဘူး....

ထိုကြောင့် အခန်းမီးတောင် မဖွင့်နိုင်တော့ဘဲ ကုတင်ပေါ်သို့ ကန့်လန့်ဖြတ် မှောက်လျက်အိပ်ကာ ကျွန်တော့်ပါးပြင်ပေါ် မျက်ရည်တွေ စီးဆင်းရန် ခွင့်ပေးလိုက်သည်...အလိုက်မသိသော မျက်ရည်များသည် အတိုးချ ငိုကြွေးနေ​လေသည် ရိူက်သံတိုးတိုးလေးတွေပါ မဖိတ်ခေါ်ဘဲ မျက်ရည်များကို အဖော်ပြုပေးနေသည်....

Seokjin-Koo ရယ် လုပ်ရက်လိုက်တာ....*sob*

အချိန် အတော်အတန်ကြာသော်....
ကျွန်တော်လဲ ငိုတာမောသွားလို့ထင်သည် ဘယ်အချိန်ကတည်းက အိပ်ပျော်သွားမှန်းမသိပေ

ည၉နာရီ...

နားထင်ကို ခပ်ကြမ်းကြမ်းဖိကိုင်၍ နိုးလာသည်

Seokjin-Arrr.....ခေါင်းကိုက်လိုက်တာကွာ....

ကျွန်တော်ငိုတာ များသွားလို့ထင်တယ် ခေါင်း တဆစ်ဆစ်ကိုက်နေသည် နှလုံးသားဝေဒနာ ခံစား​နေရတဲ့အထဲ ခေါင်းကိုက်​ဝေဒနာပါ ခံစား​နေရရင် အဆင်မပြေလှချေ ထို့ကြောင့် နှလုံးသားဝေဒနာ သက်သာ​အောင် ကုသဖို့ဆေးမရှိပေမဲ့ ခေါင်းကိုက်​ဝေဒနာ သက်သာ​အောင် ကုသဖို့ဆေးရှိသေးတယ်မလား....

ခေါင်းကိုက်ပျောက်ဆေးသောက်ရန် နားထင်ဖိပီး အိမ်အောက်ထပ်သို့ ဆင်းလာစဉ်...

"ဒေါက် ဒေါက်"

အိမ်ရှေ့က တံခါးခေါက်သံကြားလို့ ကိုက်နေသောခေါင်းကို လျစ်လျူရူ၍ တံခါးသွားဖွင့်လိုက်သောအခါ.....

ကျွန်တော့်ကို နီရဲနေတဲ့ မျက်ဝန်းများနှင့်ကြည့်နေသော ကျွန်တော်ရဲ့နှစ်ယောက်မရှိတဲ့ Koo...

True love {Completed}Where stories live. Discover now