Zawgi;
"Jungkook...ဒီမှာ ဒီမှာ..."Jungkook စားသောက်ဆိုင်ထဲဝင်ဝင်ချင်း စီနီယာအကိုတစ်ယောက် လှမ်းအော်ပီး လက်ယှက်ခေါ်တာကို မြင်တော့ ထိုဝိုင်းကို ဦးတည်လိုက်သည်...
"ဟျောင့် ဘယ်လိုဖြစ်တာလဲ...သွားစရာရှိတယ်ဆို..."
Kook-ဟုတ်တယ်..ဒါပေမဲ့ မသွားဖြစ်တော့ဘူး...
"ဒါဆို ဘာစားမလဲ...မှာလိုက်လေ..."
Kook-ဟုတ် ပီးရင် ကျွန်တော်မှာလိုက်ပါ့မယ်...Hyung တို့စားနှင့်...
ကိုကို အဆင်မှပြေရဲ့လား...ကိုကို့ဖေဖေနဲ့ ဘာတွေပြောနေကြမလဲ...ကိုကို့ဖေဖေက ကျွန်တော်တို့နှစ်ယောက်လုံးကို အဆုံးထိကန့်ကွက်နေရင် ဘယ်လိုလုပ်မလဲ...ကိုကို ကျွန်တော့်ကို ထားခဲ့မှာလား!! တွေးကြည့်ရုံနဲ့တင် လူ့ကိုစိတ်ခြောက်ခြားစေတယ်...ကိုကိုနဲ့ကျွန်တော်ရဲ့ အချစ်လမ်းခရီးက ဆူးငြောင့်ခလုတ် များလွန်းတယ်...ဘယ်အချိန်မှ သာယာဖြောင့်ဖြူးတော့မှာလဲ...အချစ်စစ်မှန်ရင် ဒီလိုပဲမလား...အဆုံးသတ်မှာ ကျွန်တော်တို့ပျော်ရွှင်ရမယ်ဆိုတာ ကျွန်တော် ယုံကြည်တယ်...
^^^^^^
Seokjin-ဖေဖေ ထိုင်လေ...
Seokjin နဲ့ ဥက္ကဋ္ဌကြီး ဧည့်တွေ့ခုံမှာဝင်ထိုင်လိုက်ကြသည်...ဥက္ကဋ္ဌကြီးမျက်နှာကတော့ တင်းမာနေတုန်း...
Seokjin-ဖေဖေ ဒီကိုဘာလာလုပ်တာလဲ...
"ဘာလာလုပ်တာလဲဟုတ်လား...မသိလို့ မေးနေတာလား Seokjin..."
Seokjin-.......
"မင်း သိလား...မင်း မနေ့ညက ပြန်မလာတော့ ငါ ဘယ်လောက်စိတ်ပူနေခဲ့လဲဆိုတာ...ဖုန်းဆက်တော့လဲ စက်ပိတ်ထားတယ်တဲ့...ငါ တစ်ညလုံး အိပ်မပျော်ခဲ့ဘူး..."
Seokjin-တောင်းပန်ပါတယ်...
"နေဦး!! မင်း တောင်းပန်နေတာ စောသေးတယ်...ဒီမနက်ရောက်တော့ မင်းရဲ့အတွင်းရေးမှူးက မင်းရဲ့အဝတ်အစားတွေ လာယူတော့ ငါ ဘယ်လောက်တောင် ထူပူသွားလဲဆိုတာ မင်းသိလား...ငါ အိမ်လိပ်စာမေးကြည့်တော့ ငါ နှစ်ခါတောင် ပြန်မေးရတဲ့အထိ ဖြစ်သွားတယ်...မယုံနိုင်လို့လေ..."
Seokjin-ကျွန်တော် တောင်းပန်ပါတယ်...
ဥက္ကဋ္ဌကြီး အခုမှ Seokjin လက်ကို သတိထားမိကာ...
YOU ARE READING
True love {Completed}
FanfictionUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...