Zawgi;
သုံးလခန့်ကြာသော်....."သားရယ်...သား ဒီလိုပဲနေတော့မလို့လား...အခန်းကိုလဲကြည့်ပါဦး အရက်ပုလင်းတွေနဲ့ ရူပ်ပွနေတာပဲ...."
Koo သည် လွန်ခဲ့သောသုံးလခန့် တနည်းအားဖြင့် Seokjin သူ့ဘဝထဲကထွက်သွားတဲ့နေ့ကစပီး အရက်တွေ လူမှန်းမသိသူမှန်းမသိတော့တဲ့အထိ အလွန်အကျွန်သောက်ပီး ထမင်းမစားဘဲ အခန်းထဲမှာ တံခါးပိတ်နေခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်သည်...Mrs. Jeon ကတော့ အခန်းသော့အပိုနဲ့ဖွင့်ပီး ထမင်းဟင်းပို့ပေးသော်လဲ စားဖို့ဆိုတာဝေး လက်နဲ့ပင် တစ်စက်ကလေးမှမထိ...သူ အသက်မရှင်ချင်တော့...သို့သော် ဘယ်လိုဝဋ်ကြွေးတွေကြောင့် သူ ထမင်းမစားဘဲ အရက်တွေ ဘယ်လောက်သောက်သောက် သူမသေသေးတာကို သူအံသြလို့မဆုံးပေ....သေမင်းကို သူ ဘာနဲ့လာဘ်ထိုးမှ သူသေမှာလဲဆိုတာ စဉ်းစားနေမှာ အသေအချာပင်....
"သား...သား မေမေကိုကြည့်ပါဦး...."
ရီဝေဝေဖြစ်နေကာ မျှော်လင့်ချက် ရည်ရွယ်ချက်အလျဉ်းကင်းမဲ့နေပီး အသက်မပါသော ခပ်မှေးမှေးမျက်လုံးများဖြင့် သူ့ကိုထွေးပွေ့ထားသော Mrs. Jeon ကို မော့ကြည့်လိုက်သည်....
"သားရဲ့ဘဝကို သား ဒီလိုနဲ့ပဲ အဆုံးသတ်တော့မှာလား...သားရဲ့ကိုကို သင်ပေးခဲ့တဲ့ပညာတွေလဲ အခုအလကားဖြစ်သွားပီ...သား မနှမြောဘူးလား...သူသာသိရင် ဘယ်လောက်တောင်ဝမ်းနည်းနေမလဲ..."
Koo နဲ့ Seokjin လမ်းခွဲလိုက်တဲ့နေ့တွင် Duty ချိန်ရောက်သော် လူနာတစ်ဦးကို ဆေးတစ်မျိုးထိုးရမည်ကို စိတ်နှင့်လူနှင့် မကပ်နေသော Koo သည် လူနာကို ဆေးမှားထိုးလိုက်သဖြင့် အသက်အန္တရယ်မရှိသော်ငြားလဲ လူနာရှင်ဘက်က တရားစွဲဆိုသဖြင့် လျော်ကြေးပေးဆောင်ရပီး ဆရာဝန်လက်မှတ် အသိမ်းခံလိုက်ရသည်...ထိုနေ့မှစပီး အလုပ်မရှိ နှလုံးသားမရှိ ရည်ရွယ်ချက်မရှိသော အရက်ကျေးကျွန်ဖြစ်ခဲ့သည်...ဒါတွေ Seokjin ဘယ်သိပါ့မလဲ...
"သားဆီမှာ Seokjin လဲမရှိတော့ဘူး ဂျီယွန်းလဲ မရှိတော့ဘူး...ဒါပေမဲ့ မေမေတို့ရှိသေးတယ်လေ သားရယ်...မေမေတို့ကို တစ်ချက်လောက်ငဲ့ပါဦးနော်...တစ်ယောက်ပဲရှိတဲ့သားလေးကို မေမေတို့ ဒီအတိုင်း အဆုံးအရူံးခံရတော့မှာလား...."
YOU ARE READING
True love {Completed}
FanficUnicode; အချစ်စစ်မှန်ရင် အတားအဆီးတွေ အနှောင့်အယှက်တွေ အခက်အခဲတွေ ရှိတာမထူးဆန်းပါဘူး လမ်းမှားကောင်းမှားသွားနိုင်တယ် နှလုံးသားရဲ့စကားသံကို မကြားနိုင်တဲ့အချိန်လဲ ရှိကောင်းရှိတယ် ဆုံးဖြတ်ချက် လွဲကောင်းလွဲသွားနိုင်တယ် သာယာဖြောင့်ဖြူးနေရင် အချစ်စစ် ဘယ်ဟုတ...