extra

4.6K 168 10
                                    

" ကိုကိုရေသိပ်ချစ်တယ်...တာ့ဒါ..တာ့ဒါ...တာ့ဒါ..."

မြမျိုးမာန်စံအိမ်ရဲ့ယနေ့အတွက်မိုးလေ၀သအခြေအနေကတော့သီချင်းလေးတညည်းညည်းနဲ့ဖြစ်နေတယ်...မြေးပေါက်စနှစ်ကောင်ကိုသိပ်ရင် ချစ်ခြင်းခြံရံအရုပ်ထိုင်ဆက်နေတာကိုတစ်ချက်တစ်ချက်ဝင်ပြောပေးနေတဲ့နေသခင့်မျက်လုံးတေကလဲတစ်စက္ကန့်ကိုဆယ်ခါလောက်အဝတ်အစားတေ‌နေရာတကျစီထည့်ရင်းသီချင်းတဆိုဆိုဖြစ်နေတဲ့သူ့ဝက်ကလေးဆီကိုဘူတာ‌ဆိုက်နေတယ်...အငယ်ဆုံးသားနှစ်ယောက်ကမွေးထားတဲ့အငယ်ဆုံးဖြစ်နိုင်ခြေနည်းပါးတဲ့မြေးအမွှာနှစ်ယောက်ရဲ့ရက်100ပြည့်ပြီးကတည်းကပြန်လည်ပေါင်းထုပ်ခြင်းတစ်နှစ်ပြည့်anniversaryအတွက်ကမ္ဘာပတ်နေကြတဲ့အဖေနှစ်ယောက်(ပြန်လာရင်anniversary baby တေပါလာအုန်းမလားမသိရ)ကသူတို့ရဲ့ဘုစုခရုမှန်သမျှကိုသူတို့ကိုထိုး‌ ပေးခဲ့လို့ဒိုင်ခံထိန်းပေးနေရတဲ့ဖိုးဖိုးတေကဒီရက်ပိုင်းပျော်ရွှင်နေကြတယ်....

"ဆောင်းရေ....ကလေးတေအိပ်ပျော်နေပြီ...ကိုကို့ကိုကုတင်ပေါ်ချဖို့ကူပေးပါအုန်း...."

"လာပြီကိုကိုရေ...ခဏတော့တောင့်ခံထားအုန်း...ဒီဟာလေးတေစီပြီးသွားရင်ပြီးပြီ...."

ကလေးချော့သိပ်ရမှာဆိုးလို့အကျင့်ယုတ်ပြီးတမင်အချိန်ဆွဲပြီးစီထည့်နေတဲ့ဆောင်းရိပ်ကအိပ်နေပြီဆိုတဲ့အသံကြားတာနဲ့ကလေးအဝတ်သေးသေးလေးတေကိုဗီရိုထဲဖြစ်သလိုထိုးထည့်လိုက်ပြီး...သူတို့အိပ်ခန်းထဲမှာဘဲထပ်တိုးထည့်ထားတဲ့ပုခတ်သေးသေးလေးနှစ်ခုကိုသေသေချာချာလေးပြင်ပေးလိုက်တယ်....သူ့ကလေးလေးပင်ပန်းတယ်ဆိုပြီးတော့နို့ဘူးအကျင့်လုပ်ပေးထားခံရလို့ကလေးတေကချစ်လေးကိုသိပ်ပြီးမရှာကြပေမဲ့အိပ်ခါနီးရင်တော့မျက်လုံးလေးတေကသူတို့ဒက်ဒီကြီးလ‌ဆည်းဆာကိုလိုက်ရှာပြီးတအီအီလုပ်တော့တာဘဲ...ကိုယ်တိုင်လဲမွေးရုံဘဲမွေးပြီးကိုကို့ကိုဘဲထိန်းခိုင်းခဲ့တာမို့ကလေးပေါက်စတေအီတဲ့ဒဏ်ကိုသူဘယ်လိုမှမခံနိုင်ဘူး...ဒါကြောင့်ပေါက်စတေအိပ်ခါနီးတိုင်းဆောင်းရိပ်ကတော့အလုပ်မရှိအလုပ်ရှာပတ်ပြေးနေလိုက်တယ်...ကလေးနှစ်ယောက်ကိုအောက်ချပြီးတာနဲ့ကိုယ့်လက်ကိုကိုယ်ဖိနှိပ်နေရတဲ့ကိုကို့ကိုမြင်ရ‌‌ တော့လဲစိတ်မကောင်းတာမို့...လက်ကနေဆွဲ‌ ခေါ်ပြီးကုတင်ပေါ်မှာထိုင်ခိုင်းလိုက်တယ်...သူတို့နှစ်ယောက်ရဲ့အိပ်ရာကိုမောင်ပိုင်စီးပြီးအရုပ်တေထိုင်ဆက်နေတဲ့ရံရေခဲတုန်းလေးကသူတို့ကိုတစ်ချက်သာမော့ကြည့်ပြီးသူ့ရဲ့အရုပ်အပိုင်းအစတေကိုဘဲ attentionပြန်ပေးဖို့ဆုံးဖြတ်လိုက်ပုံရတယ်...တစ်ချက်တောင်လှည့်မကြည့်တော့ဘူး...ဒါကိုအခွင့်ကောင်းယူပြီးဆောင်းရိပ်လဲရံရေခဲတုန်းလေးရဲ့ဖိုးဖိုးကြီးနေအချေကောင်ကြီးကိုအသားယူကာပါးပြင်ကိုတစ်ချက်လောက်မွလိုက်တယ်...အသားယူခံလိုက်ရတဲ့နေသခင်က‌စိတ်နှလုံးဖြိုးဖြိုးဖျတ်ဖျတ်လင်းသွားပြီးသူ့ပခုံးနှစ်ဖက်ကိုဖွဖွလေးဆုပ်နယ်ပေးနေတဲ့လက်ဖောင်းဖောင်းတုတ်တုတ်လေးတေရဲ့ပိုင်ရှင်ဝက်ကလေးရဲ့လက်ကလေးကိုဆွဲယူပြီးတစ်ချက်ဖိနမ်းလိုက်မိသည်...

နေမဝင်သောချစ်ခြင်းမေတ္တာ(Completed)Where stories live. Discover now