"အီးဟီး...ကိုကို...အင့်...အီး... "
တွေ့ကတည်းကရင်ခွင်ထဲပစ်ဝင်ပြီးတအင့်အင့်တအီးအီးနဲ့မျက်နှာမဖော်တမ်းငိုနေတဲ့ကလေးငယ်ရဲ့ငိုသံတေကသူ့ရင်ကိုအစိမ်းလိုက်ခွဲနေသလိုဘဲ..ကလေးငယ်ရဲ့မျက်ရည်ကြောင့်သူ့ရင်ဘတ်တေပူနွေးလာလေသူ့နှလုံးသားကသွေးစိမ်းရှင်ရှင်ကျနေသလိုနာကျင်လာရလေဘဲ...
နေသခင်မသိလိုက်တာကသူ့ကလေးကငိုနေလို့သူ့ရင်ဘတ်တေနွေးလာတာမဟုတ်ဘဲအခွင့်အရေးရတုန်းအပီအပြင်အခေါက်တစ်သောင်းမကခိုးနမ်းနေလို့နွေးနေတယ်ဆိုတာ...ရင်ခွင်ထဲဖွက်ထားတဲ့ဆောင်းရိပ်ကူးရဲ့မျက်နှာကပျားရည်လူးသကြားဖြူးပြီးထန်းလျှက်ရည်စမ်းထားတဲ့အတိုင်းချိုအီနေလို့...
ဘယ်လောက်တောင်အခက်အခဲတေနဲ့ကြုံလာရတာလဲကလေးရယ်...လက်ကနီရဲနေတဲ့ကြိုးရာလေးကိုမြင်တော့သူအံကြိတ်လိုက်မိသည်...ဘယ်လိုကောင်ကများဒီလောက်နီရဲသွားအောင်လုပ်ပစ်ရတာလဲ...တောက်...အကုန်သတ်ပစ်မှာ
" တော်ပြီ...မငိုနဲ့တော့ဆောင်း..ဘာဖြစ်ခဲ့တာလဲ...ကိုယ့်ကိုပြောပြ..."
"အင့်...ရွှတ်..ကိုကို...ဆောင်းလေ...ဆောင်း..."
ပြောဖို့စီထားတဲ့စကားလုံးတေကကိုကို့ကိုပြေးဖက်လိုက်မိကတည်းကအကုန်ပျောက်ခြင်းမလှပျောက်သွားတာမို့ဘာပြောရမလဲအမြန်စဉ်းစားနေရသည်...စဉ်းစားမရတဲ့အဆုံးတော့မျက်လုံးစုံမှိတ်ပြီးဒူးညွှန့်ချပစ်လိုက်တယ်..ဦးနှောက်ကသုံးမရလို့ခန္ဓာကိုယ်ကိုဘဲသုံးတော့မယ်..ကျစမ်းကိုကို့ရင်ခွင်ထဲကို.
"ဟင်...ဆောင်း...ဆောင်း...ဘာဖြစ်တာလဲ...ကိုယ့်ကိုကြည့်အုန်း...ဆောင်း..ဆောင်း... "
ရင်ခွင်ထဲပျော့ခွေကျလာတဲ့ကောင်လေးကြောင့်သူအလန့်တကြားဖြစ်သွားရသည်...ကိုယ်လေးကိုဖြည်းဖြည်းလှုပ်ရမ်းကြည့်ပေမဲ့မရတာမို့..ပွေ့ချီလိုက်ကာကားထဲဝင်လိုက်တယ်...တစ်ခုခုဖြစ်သွားမှာစိုးလို့ဘေးကိုမချဘဲသူ့ပေါင်ပေါ်ဘဲတင်ထားလိုက်ကာရင်ခွင်ကိုမှီထားစေလိုက်တယ်..ကားစက်အမြန်နှိုးပြီးကားကိုပြန်လှည့်လိုက်ကာခြံထဲကိုပြန်ဝင်မိသည်...အိမ်ကိုရောက်တာနဲ့ခန့်သွေးကိုဒေါက်တာခေါ်ခိုင်းလိုက်ပြီးကလေးကိုသူ့အခန်းထဲကိုခေါ်လာလိုက်ကာအိပ်ယာပေါ်ချပေးလိုက်ပြီးဘေးမှာဝင်ထိုက်လိုက်သည်..