“ဘာ...ဘာပြောလိုက်တယ်...ပြန်ပြောလိုက်စမ်း..ဆောင်းရိပ်ကူး... ”
နေသခင်ကိုယ့်နားကိုကိုယ်ပြန်မယုံနိုင်ဖြစ်ရတာမို့ပြန်မေးလိုက်မိသည်...ဟုတ်တယ်...သူလုံးဝကိုမယုံနိုင်ဘူး...သူ့မျက်စိထဲမှာ..ကလေးကဖြူစင်ပြီးအပြစ်ကင်းစင်တဲ့ကလေးတစ်ယောက်ဘဲမို့...ဒီလိုစကားမျိုးပြောလာလိမ့်မယ်လို့လုံးဝလုံးဝကိုမထင်ထားခဲ့ဘူး...
“ ကို..ကိုကိုနဲ့တူတူအိပ်ချင်တယ်လို့...”
“ဆောင်းရိပ်ကူး!!!!....မင်း...မင်းသိပ်ကိုရဲတင်းနေတယ်ပေါ့ဟုတ်လား... ငါလိုက်ရောပေးတယ်ဆိုတိုင်းကမ်းတက်မလာနဲ့ဆောင်းရိပ်ကူး...အတူတူအိပ်ချင်ရအောင်...ငါမင်းအဖေလဲမဟုတ်ဘူး..အစ်ကိုလဲမဟုတ်ဘူး...မင်း...မင်း...ဘယ်လိုသောက်ရူးထနေလို့ဒီလိုစကားမျိုးပြောထွက်နိုင်တာလဲ...ငါကတစ်စိမ်းယောက်ျားတစ်ယောက်ဆိုတာရောသိရဲ့လား...ကျစ်...မင်းအခုလိုပြောလိုက်တာ...ငါမဟုတ်တဲ့တစ်ခြားလူတစ်ယောက်သာဆိုရင်...မင်းဘဝဘာဖြစ်သွားမယ်ထင်လဲ...စုတ်ပြတ်သပ်သွားမှာကွ...သိလား...ရစရာမရှိအောင်စုတ်ပြတ်သွားမှာ...”
ဂရုဏာဒေါသတေကြောင့်သူ့အသံတေတုန်ယင်လာရသည်...ဒေါသကြောင့်လေသံမာမာနဲ့ပြောမိလိုက်ပေမဲ့ချက်ချင်းမျက်ရည်တေသီးသွားတဲ့မျက်နှာငယ်လေးကိုမြင်လိုက်ရတော့...သူစိတ်မကောင်းဖြစ်သွားရသည်...ဒီမျက်နှာမျိုးကိုသူ့နှလုံးသားကကြာကြာကြည့်နိုင်စွမ်းမရှိတာမို့...မျက်နှာလွှဲလိုက်မိကာ...
“ထတော့...ငါအိမ်ပြန်ပို့ပေးမယ်...နောက်ဆုံးဆန္ဒအတွက်...တစ်ခြားတစ်ခုစဉ်းစားရင်စဉ်းစားထားလိုက်...ဒီနေ့..မင်းဘာမှမပြောလိုက်ဖူးလို့ဘဲ...ငါသတ်မှတ်လိုက်မယ်... ”
နေသခင်ပြောလိုက်ပြီးဆောင်းလေးထဖို့လက်ကမ်းပေးလိုက်ပေမဲ့...ကလေးငယ်ကတော့ဒူးလေးပိုက်ပြီးတအင့်အင့်ရှိုက်ငိုနေဆဲ....
“ အင့်...ဒီတိုင်း...အဟင့်...ဆောင်းကဒီတိုင်း...ကိုကို့ဘေးမှာအိပ်ချင်လို့...ဟင့်...ပြော...ပြောမိတာကို...အီး...ကိုကိုမကောင်းဘူး..ဟင့်...ဆောင်းကိုအော်တယ်...အင့်...ပြောတော့...ဆောင်းဖြစ်ချင်တာလုပ်ပေးမယ်ဆိုပြီးတော့...အင့်...အဟင့်...အီးဟီး...ဟင့်....”