Ep 2

480 63 8
                                    

မျက်လုံးကိုလာနှောင့်ယှက်နေတဲ့အလင်းရောင်စူးစူးကြောင့်Baekမျက်လုံးတွေကိုမရမက ဖွင့်လိုက်တော့...

         “ Ah..."
ရုတ်တရက်ထိုးတက်လာတဲ့လည်ပင်းကနာကျင်မှုကြောင့်
Baekညည်းသံလေးထွက်လာတယ်။ဘာလို့များလည်ပင်းက အရမ်းကြီးနာနေရတာပါလိမ့်..အာ မနေ့က

မနေ့က....

သူ အားရပါးရငိုခဲ့တယ်။ကျွန်တော့်ကို အတင်းဖက်ထားပြီးငိုခဲ့တယ်။ညဘက်ရောက်တော့ငိုရတာပင်ပန်းလို ့ထင်ပါရဲ့
သူ တဖြည်းဖြည်းတည်ငြိမ်လာတယ်။ဒါပေမယ့် ကျွန်တော့်ကိုဖက်ထားတုန်းပဲ။ ကျွန်တော်လည်း
ပြန်သင့်ပြီလေ။ညရောက်ပြီဆိုတော့ အိမ်မှာommaလည်း မျှော်နေတော့မယ်။

“ ဟိုလေ..ဟို ကျွန်တော်ပြန်သင့်..ပြန်သင့်ပြီထင်တယ်။"

Baekလည်းသူ့ လက်တွေကြားက ရုန်းထွက်ပြီး ပြောလိုက်တယ်။ပြန်တော့မယ်ဆိုတဲ့စကားကိုကြားတာနဲ့သူ့မျက်နှာညှိုးသွားတယ်။Baek
သူ့ကိုသနားမိပေမယ့် မတတ်နိုင်ဘူးလေ။

Baek သူ့မျက်နှာလေးကိုတစ်ချက်ကြည့်ပြီးပြန်လှည့်အ ထွက်လာခဲ့တယ်။တံခါးကိုလှည့်အဖွင့်မှာပဲ။

“ မသွားနဲ့!!!မသွားပါနဲ့!!! Ah..!!"

အနောက်ကနေ သူအတင်းပြေးလိုက်လာတာကြောင့်ဆေးရုံကုတင်နဲ့တိုက်မိပြီးလဲကျသွားတယ်။တိုက်မိတဲ့အရှိန်ကပြင်းတော့သူတော်တော်နဲ့မထနိုင်ခဲ့ဘူး။

“ ဘာလို့ကိုယ့်ကိုကို ဂရုမစိုက်တာလဲဗျာ"

ဘယ်ကနေဘယ်လိုထွက်လာမှန်းမသိတဲ့ စကားသံနဲ့အတူ Baekသူ့အနားကိုအပြေးပြန်ရောက်သွားပြန်တယ်။

“ မထားခဲ့နဲ့နော် Boom..Boomထားခဲ့ရင် ကိုယ်
ဘာလုပ်မိမယ်မှန်းမသိဘူး။"

Baekအနားရောက်တာနဲ့ သူရဲ့လက်အစုံက Baekရှိရာကိုမှန်းဆလာတယ်။Baekကိုယ်Baekတောင်မသိလိုက်
ခင်မှာပဲ Baek သူ့လက်တွေကိုဆုပ်ကိုင်ထားပေးမိတယ်။

ရုတ်တရက် ဆောင့်ဆွဲခံလိုက်ရတဲ့ လက်အစုံနဲ့အတူ Baekလည်းသူ့ရင်ခွင်ထဲရောက်သွားပြန်တယ်။

“ ကြောက်တယ်...ကိုယ်ဘာမှမမြင်ရဘူး။Boomကိုယ့်ကိုစိတ်ပျက်သွားမှာကြောက်တယ်။"

Until the end of time(Complete)Where stories live. Discover now