Ep -3

367 52 0
                                    

"သားလေး Baekhyun.."

Baekလာတာနဲ့ Baekလက်ကိုအားကိုးတကြီး
လာဆုပ်ကိုင်တဲ့Chanyeolရဲ့omma..သူမ
မျက်နှာမှာလည်းစိုးရိမ်မှုတွေအထင်းသားနဲ့။

" Chanyeol ရောဟင်"

"အခန်းထဲမှာသား...ဝင်သွားလိုက်နော်"

Baekအခန်းထဲကို ဝင်သွားလိုက်တဲ့အချိန်မှာပဲ ဖျော့တော့နေသော ပုံရိပ်တစ်ခုကစီးကြိုနေခဲ့သည်။

အပ်ရာပေါင်းများစွာဖြင့် နေရာယူထားသော လက်ဖမိုးမှာသာမက ခုတော့ လက်ကောက်ဝတ်နေရာမှာပါ ပတ်တီးဖြူဖြူတစ်ခု အဆစ်တိုးလာပြန်သည်။

သူကတော့ သူမဟုတ်သလိုအေးချမ်းစွာ အိပ်မောကျလို့

Baekသူ့နားကိုတိုးတိုးလေးကပ်သွားတယ်။Yeol
ရဲ့ကုတင်ပေးက ခုံလေးမှာတိတ်ဆိတ်စွာနေရာယူမိရင်းYeolရဲ့မျက်နှာလေးကိုကြည့်နေရင်းနဲ့ အပြစ်တင်စိတ်တို့က ဝေးလွင့်သွားပြန်တယ်။

ဖြူဖျောနေတဲ့သူ့လက်ကို ဖွဖွလေးဆုပ်ကိုင်ထားရင်းအသားမာတက်နေတဲ့သူ့လက်ချောင်းထိပ်ကို ခံစားမိတော့ Boomပြောခဲ့ဖူးတာကိုသတိရမိတယ်။

(ငါ့ချစ်သူကလေ ငါ့ကို ချစ်ခွင့်ပန်ဖို့တစ်လအတွင်းGuitarကိုနေ့ရောညရောလေ့ကျင့်ခဲ့တာ။သူ့လက်ချောင်းတွေမှာအသားမာ တက်တဲ့အထိပဲ)

ခင်ဗျားက သိပ်ချစ်တတ်တဲ့သူတစ်ယောက်ပါ Chanyeolah...ဒါပေမယ့် ကိုယ့်ကိုကိုဒီလိုကြီးတော့မညှင်းဆဲပါနဲ့

ဟင်....သူ့လက်ပေါ်မှာမျက်ရည်စက်တွေ...

ကျွန်တော်သူ့လက်ကိုကြည့်နေရင်း သူ့လက်ပေါ်မှာထင်လာတဲ့မျက်ရည်စက်တစ်ချို့....

ကျွန်တော်ငိုနေမိပြန်ပြီလား...

အဲဒီတော့မှကျွန်တော့်ကိုကျွန်တော်သတိထားမိတဲ့အခါမျက်ရည်စတွေက ကျွန်တော့်ပါးပေါ်ကိုဖြတ်စီးရင်းသူ့လက်ခုံပေါ်ကျနေတာခဲ့တာပဲ၊

တကယ်ဆို သူက ကျွန်တော့်အစ်ကိုရဲ့ချစ်သူ...ကျွန်တော်နဲ့ဘာမှမပတ်သက်တဲ့သူ...ဒါကိုကျွန်တော်က သူ့နဲ့ပတ်သက်ရင် ဘာလို့ထိခိုက်လွယ်နေရတာလဲ။

ကိုယ့်ပုစ္ဆာအတွက်ကိုယ်ကိုယ်တိုင်အဖြေမရှိတဲ့အခါလူကရူးမတတ်ခံစားရတယ်။

Until the end of time(Complete)Hikayelerin yaşadığı yer. Şimdi keşfedin