"Hyungရာ အဲ့တော့ အခုထိ အဖြေမရသေးဘူးလား"
"မင်းပြောလည်း ခံရမှာပဲ Chanရာ ငါလည်း အဖြေတောင်းချင်တာပေါ့ကွာ။ဒါပေမယ့်လည်း.."
"အဲ့ဒီလို ကြာနေ...Kim Jong Daeကြီးနဲ့ ကြိုက်
သွားမှ Hyung ဟက်တက်ကွဲနေမယ်""ဟေ့ကောင်...နမိတ်မရှိ နမာမရှိ..အခုတောင် Minseokဘေးနား က မခွာလို့ငါ့မှာ တစ်နေကုန်
သဝန်တိုနေရတာပါဆို""မသိဘူး မသိဘူး...ကိုယ့်ဟာကိုယ်သာ ကြည့်လုပ်ကျွန်တော့်ကလေးကို ကျောင်းသွားကြိုရဦးမယ်။"
"အောင်မလေး အဖြစ်သည်းနေလိုက်တာ...ဒါပဲ
ဟကောင်"ဆူဆောင့်ပြီးတစ်ဖက်က ထွက်လာသော အသံအဆုံးတတီတီမြည်သွားသော phoneကိုအိတ်ကပ်ထဲခပ်မြန်မြန် ထိုးထည့်ရင်း စက်ဘီးပေါ် တက်လိုက်သည်။
ဒီအချိန်ဆို ကျွန်တော့်ကျောင်းဆရာလေးစာသင်ချိန်ပြီးလောက်ပြီ။
Kyoto Universityနဲ့မနီးမဝေးမှာ CY_CLUB
Studioကို ဖွင့်ထားပြီး Japanကို အခြေချဖြစ်ခဲ့သည်က Bကိုချစ်သော စိတ်တစ်ခုတည်းကြောင့်သာ...Koreaမှာအတော်အသင့်နာမည်ရပြီးသော
Photographerတစ်ယောက်ဖြစ်နေသည့်
ကျွန်တော့်အတွက်..အလုပ်များက Koreaမှာ အမျှင်မပြတ်။
Seoul Fashion weekမှာ Leading
Photographer အဖြစ်တာဝန်ယူပြီးသည့်နောက်
Europeမှ Fashion showပွဲများကပါ ကမ်းလှမ်းလာကြသည်မို့အနေနီးချင်ပါသော်လည်း ဝေးနေရသည့်
အဖြစ်...နေ့စဉ်နဲ့အမျှလွမ်းရသည်မို့...အလုပ်အားချိန်
ကျောင်းဆင်းချိန်လေးတွေမှာ မရမက phoneပြောဖြစ်ကြသည်။အသံကြားတော့လွမ်းစိတ်တို့ကနှစ်ဆတိုးလာသည်။Video callမှာ နားလည်မှုရှိစွာပြုံးနေသော မျက်နှာနွမ်းလေးကို ကြည့်မိတော့ နေ့ရှိသ၍ထိုလူသားငယ်အား ထွေးပွေ့ထားချင်စိတ်က တားမရဆီးမရ...
ကျွန်တော်Japanကို လိုက်လာပြီးကတည်းက ဆက်လာသော အလုပ်တွေကြောင့် နှစ်ယောက်တည်း တစ်နေကုန်အေးအေးဆေးရှိနေချိန်ဆိုတာ
လက်ချိုးရေတွက်လျှင်ပင် ငါးချောင်းမပြည့်။Studioကိစ္စတွေ၊Fashion showတွေ၊Photo shootingတွေအတွက် Koreaကို ပြန်လိုက် Japanလာလိုက်ဖြစ်နေသော ကျွန်တော်နှင့် စာမေးပွဲနီးနေသော ကျောင်းသားတွေအတွက် နေ့ရောညပါ ကျောင်းမှာ ရှိနေသော
B... တွေ့ချိန်လေးတွေမှာ မျက်လုံးလေးမှေးပိတ်သွားအောင်ရယ်ပြသော အပြုံးလေးတို့ကြောင့်သာ ငါးလဆိုသော အချိန်ကို အံတင်းကာ ကျော်ဖြတ်ခဲ့ရသည်။
YOU ARE READING
Until the end of time(Complete)
FanfictionZawgyi ကမ္ဘာပေါ်မှာတည်မြဲတဲ့အရာဆိုတာအချိန်ကလွဲပြီး ဘာမှမရှိဘူးမဟုတ်လား။အဲဒီလိုပဲ အချိန်တွေ မရပ်တန့် သရွေ့  ငါ့အချစ်တွေက မင်းဆီစီးဆင်းနေဦးမှာပဲ Unicode ကမ္ဘာပေါ်မှာတည်မြဲတဲ့အရာဆိုတာအချိန်ကလွဲပြီးဘာမှမရှိဘူးမဟုတ်လား။အဲဒီလိုပဲ အချိန်တွေ မရပ်တန့်သေရွ့ငါ...