Ep 17

257 29 2
                                    

"Tao Hyung...Xiumin..ကျွန်တော်တို့ဝင်လာလို့ရမလား"

အရှေ့တံခါးဆီမှ ခပ်တိုးတိုးခေါက်သံနဲ့အတူခွင့်တောင်းသံ...

"Baek.."

ခပ်တိုုးတိုးသူ့နှုတ်ထွက်စကားမှာကိုယ်လည်းသတိဝင်လာမိသည်။ဆက်ခနဲ ကိုယ်ကိုရုတ်လိုက်မိသလိုသူကလည်း ခပ်မြန်မြန်ပဲတံခါးဆီပြေးသွားသည်။

"ဝင်..ဝင်ခဲ့လေ"

ရဲရဲနီနေသောသူ့ပါးမို့မို့ဟာ နှိုင်းယှဉ်ရက်စရာရယ်လို့ကျွန်တော်ရှာမတွေ့နိုင်အောင် သိမ်မွေ့လွန်းသည်။

"Chanက Hyungကိုတောင်းပန်ချင်တယ်ဆို
လို့။Tao Hyungအများကြီးနာသွားတယ်ထင်တယ်ကျွန်တော်တို့အော်သံလည်းကြားလိုက်တယ်"

ပကတိရိုးသားစွာပြောနေသောBaekကို ကြည့်ပြီး
Min က ကျယ်ကျယ်လောင်လောင်ထရယ်တော့.
ကိုယ့်မှာမနေတတ် ဖြစ်သွားရသည်။

"အလကား...သူ ဘာမှမဖြစ်ဘူး။ဆေးတောင်မထည့်ရသေးတာကို အလကားအသံပြဲ ကြီးနဲ့အော်နေတာ"

အနည်းငယ်အနေခက်သွားကြသော ကျွန်တော်တို့အခြေအနေကို မူလအခြေအနေပြန်ရောက်အောင် Minကြိုးစားနေသည်လေ။ကျွန်တော်သိတာပေါ့ဒီကလေးရှက်သွားတာ။

"ကဲပါ လာထိုင်ကြ စားစရာတွေHyungသွားယူ
ခဲ့ပေးမယ်"

"ကျွန်တော်လိုက်ခဲ့ပေး.."

အလိုက်တသိနဲ့Baekကထလိုက်မည်ပြင်သော်လည်းဟိုသူကောင်းသားလေးChanyeolက Baekလက်ကို အတင်းဆွဲထားသည်။

"Hee hyung..ကျွန်တော်လိုက်လို့မဖြစ်တော့ဘူး
ထင်တယ်"

အေးပါအေးပါ အဖြစ်သည်းကြ။မပြောလိုက်ချင်ဘူး။

"XiuMinလိုက်သွားပေးလိုက်ပါလား"

ဆရာကြီးလိုလို ဟိန်းထွက်လာသော အနှီChanyeolအားပြေးပင်ရိုက်ချင်တော့သည်။မျက်နှာကိုကြည့်တော့ပြုံးစိစိမျက်နှာပေးကို မရမကပိုးသတ်ထားရသည့်ပုံစံနှင့်။
ကျွန်တော့် အကြည့်တွေသာ Chanyeol
မြင်ရင် ဝါးလုံးကွဲထရယ်မှာပင်။

"ဟုတ်တယ်Minseokkie လိုက်သွားလိုက်ပါလားTaoHyungတစ်ယောက်တည်းအများကြီးသယ်လာရမှာ"

Until the end of time(Complete)Where stories live. Discover now