Ep 13

4K 299 24
                                    

Sangju ကမ်းခြေ... Chanyeol စိတ်ပြေလက်ပျောက်ဖြစ်အောင် Baekရွေးချယ်လိုက်တဲ့ ခရီးစဉ်...
ကြားကြားချင်းက Minseok အံ့သြသွားရသည်...

Boomနဲ့ Chanyeolရဲ့ မထွက်ဖြစ်လိုက်တဲ့
ခရီး...

Baekကိုမေးတော့ တမင်စီစဉ်ခဲ့ခြင်းပင်...

"သူစိတ်ထဲမှာ ကျွန်တော့်က Boomလေ...သူတို့ 
ချစ်သူနှစ်ယောက်သွားဖို့ စီစဉ်ထားတဲ့နေရာလေးကို
သွားဖြစ်ရင် သူ့ စိတ်တွေပြန်ကြည်လင်လာမလားလို့ ...
ပြီးတော့ သူတို့ နှစ်ယောက်အတွက် အမှတ်တရလေးဆိုတော့.."

Baekရဲ့ ဆုံးဖြတ်ချက်နဲ့ စတင်ခဲ့သော အပျော်ခရီးလေး
သည် Chanyeol၏စိတ်ချမ်းသာမှုတစ်ခုတည်း
တွင်သာ မှီတည်လျက်....

ပြုံးပြုံးလေးပြောနေသော Baek မျက်နှာကို ကြည့်လျက်
Min ရင်နင့်စွာ ခံစားရသည်...

Chanyeolက သိပ်ကံကောင်းတဲ့သူပါ..အချစ်စစ်အချစ်မှန်ကို မတောင်းဆိုရင်တောင်ခံစားခွင့်ရှိတဲ့သူ...

ကိုယ့်မှာတော့...ထားပါလေ..ကိုယ်ကိုယ်တိုင်တောင်
ဆုံစည်းဖို့ ကြိုးစားပေးခဲ့ပြီမှ ဒီလို အတွေးမျိုး ဝင်နေတာက
Chanကိုရော Hyunကိုရောမတရားဘူး မဟုတ်လား..

"Min..ဘာတွေတွေးနေလို့ ကိုယ်ဝင်လာတာတောင်မသိရတာတုန်း"

"Tao Hyung...ရောက်လာပြန်ပြီ"

"ဘာလဲဗျ ရောက်လာပြန်ပြီဆိုတာကြီးက ကိုယ်လာတာ
မကြိုက်လို့ လား"

ခပ်ပြုံးပြုံး ပြောလာသော အဲ့လူကြီးက ဘယ်လောက်
နှင်ထုတ်ထုတ် စိတ်မဆိုးတတ် မျက်နှာလေးငယ်ငယ်နဲ့ 
Min မကြိုက်ရင် ကိုယ်မလာတော့ဘူးဆိုပြီး လူကို
အမြဲစိတ်မကောင်းဖြစ်အောင်လုပ်...ပြီးရင် စိတ်ထား
ကောင်းတဲ့ကျွန်တော်ကပဲ အပေါက်ဝတောင်မရောက်သေးဘူး ပြန်လိုက်ခေါ်ရတာနဲ့ အလုပ်တွေကို ရှုပ်နေတာ
ပဲ..

"Hyung ပန်းဆိုင်ကြီးက စီးပွားဖြစ်ရော ဟုတ်ရဲ့လား"

နေ့ တိုင်းနီးပါးကျွန်တော့်ဆီလာတယ်...ကျွန်တော့် Dutyအချိန်ရှိနေရင် မရမကစောင့်တယ်..ညစာ အမြဲလွတ်နေတဲ့ ကျွန်တော်ကိုအတင်းခေါ်ပြီး ညစာစားရင်စား..မစားရင်အမြဲ ထမင်းဘူးနဲ့ လာစောင့်နေတာ ဒီလူကြီး...

Until the end of time(Complete)Where stories live. Discover now