Ep 12

291 37 2
                                    

Chan....

Chan..................

ဆေးရုံစင်္ကြန်တစ်လျှောက်ပျံ့လွင့်နေတဲ့ Bရဲ့ အသံ...ဒါ...ဒါ...အိမ်မက်များလား...
အိမ်မက်ဆိုရင်တောင်တစ်သက်လုံးမနိုးထဖို့စိတ်ကူးမိခဲ့မှာ.....

ဝုန်းခနဲ ပွင့်သွားတဲ့ တံခါးသံနဲ့အတူ...သင်းခနဲလွင့်လာတဲ့ ကိုယ်သင်းနံ့လေး...

Bရယ် ဒီတဒင်္ဂလေးကို သိမ်းဆည်းထားချင်လိုက်တာ..

မင်းနာမည်ကို အော်ခေါ်ချင်လိုက်တာ....

မင်းမျက်နှာလေး..ပျော်နေမှာလား...မျက်ရည်တွေများရှိနေမလား ကိုယ်မြင်ကြည့်ချင်လိုက်တာ...

"Chan...."

ခေါ်သံလေးတစ်ခုနဲ့အတူ ကျွန်တော့်ရင်ခွင်ထဲအပြေးရောက်လာတဲ့ B... ကျွန်တော့်ခါးတစ်ဝိုက်မှာ တင်းတင်းဖက်ထားတာBရဲ့လက်သွယ်လေးတွေဆိုတာ ယုံကြည်လိုက်ရတဲ့တစ်ခဏ....

အိမ်မက်မဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့တစ်ခဏ...

ကျွန်တော့်ရင်ခွင်ထဲက Bကိုယ်လေးကို နာကျင်စွာကြင်နာစွာ ထွေးပွေ့လိုက်မိတဲ့တစ်ခဏ....

ကလေးကို မြတ်နိုးမှုတွေဟာ ရင်နဲ့အပြည့်...

ဖော်ကျူးမိလိုက်တဲ့ပျော်ရွှင်မှုဟာ မျက်ရည်စက်တွေအဖြစ်....ငိုနေရပေမယ့် ကျွန်တော်ပျော်တယ်။

Bရယ်...ကိုယ့်ရဲ့ Bလေးရယ်... ဘယ်အချိန်ဖြစ်ဖြစ်ကိုယ့်ကို မစွန့်ခွာခဲ့လို့ကျေးဇူးပါ ကလေး....

"Chan...ဒီနာမည်ကို ခင်ဗျား နားမထောင်နေပေမယ့်နေ့တိုင်း ကျွန်တော်အော်ခေါ်နေမိတယ်ဆိုတာ သိလား"

မင်းမကြားနိုင်မယ့် မင်းကိုကိုယ်စားပြုနေတဲ့နာမ်စားလေးကို ကိုယ်ရင့်ဘတ်ထဲက ဘယ်လောက်တောင်အော်ဟစ်နေမိလည်း ထုတ်ပြောနိုင်စွမ်း ကိုယ့်မှာမရှိဘူးBရယ်...

ဘာမှမလိုတော့ပါဘူး...ဒီ ရင်ခွင်ငယ်ကို ဘယ်လောက်တောင်တမ်းတနေခဲ့လဲဆိုတာ ကျွန်တော်အသိဆုံးမို့...မင်းအတွက်ကိုယ်ပေးထားတဲ့ မင်းရဲ့နာမ်စားလေးကို ကိုယ်ပြောပြချင်လိုက်တာ....

မင်းကို ချစ်နေမိလား...ဒီ ခံစားချက်ကို ကိုယ်ခေါင်းစဉ်မတပ်ရဲသေးပေမယ့်..မင်းကို ဘယ်တော့မှ ဘယ်တော့မှကိုယ်စွန့်လွှတ်မှာမဟုတ်တော့ဘူး...

Until the end of time(Complete)Where stories live. Discover now