Ep 8

289 36 0
                                    


Hyungကြိုက်တတ်သောကြက်ဥလိပ်ကြော်ကိုအပြီးသတ်လိုက်ပြီး ဘူးလှလှလေးထဲထည့်လိုက်သည်။

Busanထိသွားမှာဆိုတော့ အစားအစာတွေမအေးအောင်လတ်ဆတ်နေအောင် မနက်အစောကြီးထပြင်ဆင်ရတာမို ့Baekနွမ်းနယ်နေသည်။

ဒီလိုနေ ့မျိုးဆို maက အစောကြီးနိုးတတ်သော်လည်းတငိုငိုတရယ်ရယ်ဖြစ်နေတာ
မို ့Baek... maကို ဝန်မပိစေချင်။

“Baekhyun..သားရေ ပြီးပြီလား..Appaတို ့ကားပေါ်ကပဲစောင့်နေမယ်နော်"

“ဟုတ် appa ကျွန်တော် အဝတ်အစားလဲပြီးလာခဲ့ပါ့မယ်"

Baek နောက်ဆုံးအနေနဲ့ Boomကြိုက်တတ်တဲ့
သလဲသီးဖျော်ရည်ကို ဘူးထဲပြောင်းထည့်ရင်း appaကိုစကားလှမ်းပြောမိတော့ ကျန်တဲ့နေရာမှာအရမ်းတည့်ပါတယ်ဆိုတဲ့ Baekတို ့ညီအစ်ကိုနှစ်ယောက်ဒီသလဲသီးနဲ ့အမြဲပြသနာတက်တာကို စဉ်းစားမိတော့ ပြုံးဖြစ်ရပြန်သည်။

Boomကသလဲသီးဖျော်ရည်ကြိုက်သလောက်Baekကတော့ အဲ့သလဲသီးရဲ့စိမ်းရွှင်ရွှင်အနံ ့ရရင်ကိုနေလို ့မရ။နောက်ဆုံးတော့ Boomက သလဲသီးဖျော်ရည်ကိုBaekနဲ့တူတူရှိနေတဲ့အချိန်ဆို လုံးဝမသောက်တတ်တော့ပါ။

ဒါပေမယ့်လည်းအခုBaekကိုယ်တိုင်Boomအတွက်
ဖျော်ပေးနေတာ ကိုBoomသိရင် ဝမ်းသာရှာမှာ...

အတွေးတွေကိုခဏရပ်ရင်း..Boomနဲ့ဆင်တူ ဝယ်ထားတဲ့ အနက်ရောင်ဆွယ်တာအရှည်လေးကို အိမ်နေရင်းအဖြူရောင်တီရှပ်ပေါ်ထပ်စွပ်ချလိုက်သည်။

အိုး...အေးလိုက်တာ...Busanဘက်ဆို ပိုအေးမှာ..
Boomအတွက်လည်းမာဖလာလေးယူသွားပေးရမည်။

ကားပေါ်မှာထိုင်စောင့်နေသော paက driver seatမှာနေရာယူရင်း maကတော့ အနောက်မှာသာထိုင်နေသည်။paကိုကြည့်တော့ မင်းအမေနဲ့သွားထိုင်ဆိုသောသဘောနဲ့မေးဆတ်ပြတော့ Baekခေါင်းလေးကိုအသာညိမ့်ရင်းနွမ်းနယ်နေသော maလက်ဖဝါးလေးကိုသာသာဆုပ်ကိုင်လိုက်သည်။

Baekတို ့သုံးယောက်လုံးတိတ်ဆိတ်လျက်...

ဒီအချိန် hyungလည်းသူ ့ကို တွေ ့ချင်နေမှာနော်...

တောင်းပန်ပါတယ် hyungရယ်...
.................................................................

“Hyung Baekတို ့လာတယ်နော်...ဒီမှာ hyung
ကြိုက်တဲ့ဖျော်ရည်...Hyungအံ့သြနေလား...ကျွန်တော်ကိုယ်တိုင်ဖျော်လာတာလေ..ကျွန်တော့်လက်ရာဆိုhyungသိပါတယ် ဒါပေမယ့်လေ ပထမဆုံးဖျော်ဖြစ်တာဆိုတော့
ကောင်းပါ့မလားပဲ..hyungမေမေ့ကိုပြောပါဦး ငိုနေပြန်ပြီ။ကျွန်တော်တို ့hyungက မေမေငိုတာ မကြိုက်ဘူး  ဟုတ်"

Until the end of time(Complete)Where stories live. Discover now