Ep 21

348 32 2
                                    

"Tao Hyung...ChanYeolမျက်စိခွဲရတော့မယ်။
Hyungမသိမှာဆိုးလို့အကြောင်းကြားပေးပါ။
Messageကိုတွေ့ရင်လည်း အကြောင်းလေးဘာ
လေးပြန်ပါဦး။ဒီမှာ Hyunneက သိပ်စိတ်ပင်ပန်း
နေတယ်။ကျွန်တော် ဘယ်လိုဖြေရှင်းရမလဲ မသိဘူး Hyung"

Send mail ကိုနှိပ်လိုက်ရင်း ဒီကြားထဲ reply
ပြန်မလာသော mailအရေအတွက်ကိုရေတွက်တော့လေးစောင်ရှိနေပြီ။Tao Hyungဆီက နောက်ဆုံးရောက်လာသော Mailက လွန်ခဲ့တဲ့ နှစ်ရက်ကဖြစ်သည်။ကွင်းဆင်းလေ့လာရေးက ဆက်သွယ်ရေးခက်ခဲသည်ဆိုတော့လည်း ဘာမှမတတ်နိုင်။

ဒီအခြေအနေကိုMinတစ်ယောက်တည်း ဘယ်လို
များထိန်းထားရပါ့မလဲ။အကယ်၍hyunneထွက်သွားတဲ့ အခါ Chanကိုဘယ်လိုဖြေရှင်းပြရမလဲ။Chanစိတ်အခြေအနေ ပြန်ပြီးဆိုးသွားရင်ရော...

Chanမျက်လုံးမြင်ခွင့်ရတာနဲ့စတင်တွေ့ကြုံရမည့်အခြေအနေက Chanအတွက်တော့ ချောက်ကမ်းပါးပင်ဖြစ်သည်။ချစ်သူကလည်းသေသွားပြီး ဒီအတောအတွင်းကိုယ့်ဘေးရှိခဲတဲ့သူကလည်း ကိုယ့်ချစ်သူမဟုတ်မှန်းတပြိုင်တည်းသိလိုက်ရမယ့်အချိန်...

"Min hyung...ကျွန်တော်ဝင်လာလို့ရမလား"

အသံသဲ့သဲ့လေးက တိုးတိုးသာဖြစ်သော်လည်းHyunထံမှ စိတ်အားငယ်မှုကို ခံစားနေရသည်။ဆေးရုံအထိဘာကြောင့်များလိုက်လာသလဲ ဆိုတဲ့မေးခွန်းကိုအဖြေမရသေးခင် စိမ့်စိမ့်အေးနေသော ပတ်ဝန်းကျင်နှင့်ညနှစ်နာရီဆိုသော အချိန်ကို ညွှန်ပြနေသော နာရီကိုပါ
တဆက်တည်း သတိထားမိတော့စိုးရိမ်စိတ်တို့က
မြင့်တက်လာရသည်။

"Hyunne..."

ဖြူ.ဖွေးနေသောကောင်လေးဟာ နှုတ်ခမ်းပါးတွေနဲ့မျက်ဝန်းမှေးတွေရဲတွတ်၍နေသည်။ငိုထားပြန်ပြီလားကလေးရယ်။တဆက်ဆက်တုန်နေသော နှုတ်ခမ်းပါးများနှင့် ဖျော့တော့နေသော ခန္ဓာကိုယ်ကို ကြည့်ရင်းဘယ်လိုမှအားမရ...

"Hyunne လာအထဲဝင်။တစ်ယောက်တည်းလား"

"Chanကမနက်ဖြန် ဆေးရုံတက်ရမှာလေ
အဲ့ဒါ ကျွန်တော်လိုအပ်တာတွေ လာလုပ်ရင်း ဆေးရုံခန်းပါတစ်ခါတည်းလာကြည့်တာ။ChanမိဘတွေကChanဘေးနားမှာ နေပေးနေတော့စိတ်ချရပါတယ်"

Until the end of time(Complete)Where stories live. Discover now