Ep 15

277 30 0
                                    

"Arjima..တော့ပုကီ သုံးပွဲ၊Kimbap ၂ပွဲ၊ပဲကြာဇံ
ကြော်၂ပွဲ၊ကြက်ကြော် ရတုံးနဲ့Cola ဘူးကြီးနှစ်ဘူး။သြော်..Minက fish cakeငါးချောင်းထပ်မှာထားသေးတယ်။Yeol မင်းဘာစားချင်သေးလဲ"

လက်ထဲမှာဆွဲထားရသော မုန့်ထုပ်တွေမှ အားမနာဝယ်လို့မပြီးနိုင်သောTao hyungကို စိတ်မရှည်တော့..Bကိုစိတ်မချပါဘူးဆိုမှ တစ်ဆိုင်ပြီးတစ်ဆိုင်ဝင်လိုက်ထွက်လိုက်နဲ့မမောဘူးလားမသိ။

"မျက်နှာကြီးကလည်း ၁၆ ချိုးကျိုးနေပြီအေးပါ
သွားမယ်...ပိုလိုက်တာဗျာအဲ့လောက်တောင်ချစ်တယ်ဟုတ်လား"

ချစ်တယ်....ကျွန်တော့်Bကို ချစ်နေမိတာလား..အဖြူ ထည်သက်သက်မဟုတ်ခဲ့ဘူးလား၊
ဘေးမှာရှိနေချင်ရုံသက်သက်မဟုတ်ဘူးလား၊ချစ်နေမိပြီလား။

ဘာလဲ...ဒီခံစားချက်..ပူနွေးရှိန်းမြပြီးတဒိတ်ဒိတ်တိုးလာတဲ့ရင်ခုန်သံတွေ....ကျွန်တော် တကယ်ပဲBကို...

"Yeol..ကိုယ့်ကိုကိုယ်မြင်အောင်ကြည့်ပါ။Boom
အပေါ်မှာ မင်းသစ္စာရှိခဲ့ပြီးပါပြီ။Bမင်းအပေါ်မှာ ဘယ်လိုစိတ်ရှိလဲဆိုတာ မင်းမြင်အောင်ကြည့်။ခံစားကြည့်။မင်းထင်သလိုမင်းကိုသနားတဲ့စိတ်သက်သက်နဲ့အဲ့ဒီလောက်ထိ မင်းဘေးမှာ မင်းအနွံတာခံနိုင်မလားYeol။အဲ့ဒါ အချစ်ကွ..ဘာမှ မျှော်လင့်ချက်အရောင်အဆင်းမပါတဲ့ အချစ်"

ပင်လယ်လေအေးတွေလို Tao Hyungရဲ့စကား
တွေက ကျွန်တော့်နှလုံးသားထဲထိ ငြိမ့်ငြိမ့်ညောင်းညောင်းစီးဆင်းသည်။တကယ်ပဲလားB..Tao Hyungပြောတာတကယ်ပဲလား..ကိုယ့်အဲ့လိုမျှော်လင့်ရင်ကိုယ်အရမ်းတစ်ကိုယ်ကောင်းဆန်မလားB...

Ring Ring..Ring..Ring

"ဟာ ပုတု phoneကွ..Min..Hyungတို့ပြန်လာ
နေပြီ။ဗိုက်ဆာနေလို့လား"

"....."

"ဘာာ...ဘာဖြစ်တယ်..ရေနစ်လို့"

ဝုန်းခနဲ ဆောင့်တက်လာသောညအပူလုံးက ရင်ထဲသို့ခပ်ပြင်းပြင်းဝင်ဆောင့်သည်။

"Chan..မင်းရဲ့Bရေနစ်လို့တဲ့"

ကျွန်တော့်ကမ္ဘာငယ်သည်ဒုတိယအကြိမ်ပြိုလဲခဲ့
သည်။မရဘူးBကိုယ်မင်းကိုလက်မလွှတ်ဘူး...ဘယ်လိုမှလက်မလွှတ်နိုင်ဘူး။

Until the end of time(Complete)Opowieści tętniące życiem. Odkryj je teraz