Ep 10

4.9K 467 32
                                    

"သွားတိုက်ဆေး...ဆပ်ပြာဘူး.. ဓာတ်ဆားဘူး..စောင်...ပြီးတော့ ဘာကျန်
သေးလဲ...ဟာ Chan မနေ့ က ဝတ်ထားတဲ့sweater"

ပွစိပွစိပြောရင်းတစ်ယောက်ထဲရေရွတ်နေသော အသေးလေးအသံကိုကြားတော့Chanပြုံး
မိသည်။အခုလည်းကြည့် ဆေးရုံဆင်းတာ ကိုမနက်အစောကြီးပေါက်ချလာပြီးလာလုပ်ပေးနေတာ..

မနေ့ ကတော့ သူလေးကိုမိဘအိမ်ပြန်ပြီးခဏနားဖို့ ပြော
တော့ကျွန်တော့်ကိုစိတ်မချလက်မချနဲ့ မှာတမ်းတွေ
အကြာကြီးခြွေနေလို့ နည်းနည်းဆူပြီးပြန်လွှတ်လိုက်မိတယ်။

အခုလည်း...ကျွန်တော့်ကိုစကားမပြောဘဲတတောက်တောက်နဲ့ သူလုပ်ချင်ရာလုပ်နေတဲ့ပုံလေးက
ဘယ်လောက်တောင်ချစ်ဖို့ ကောင်းလိုက်မလဲ..

မင်းကို မြင်ချင်လိုက်တာ...

“ကိုယ့်ဆီခဏလာခဲ့ပါလား"

အတတ်နိုင်ဆုံးကြိုးစားခဲ့ပါတယ်။သူ့ ကို ညီလေးတစ်ယောက်လိုပဲစောင့်ရှောက်ပေးနိုင်ဖို့ ...

“Chan ကျွန်တော့်ကို ခေါ်လိုက်တာလား"

“အင်းကိုယ့်ဆီလာခဲ့လို့ "

ခြေသံမကြားအောင် လမ်းလျှောက်တတ်တဲ့သူ့ ကြောင့် သူ
့ခြေသံလေးကိုမကြားရပေမယ့် လှိုက်ခနဲနီးကပ်လာတဲ့
ခပ်သင်းသင်းအနံ့ လေးတစ်ခု...ကျွန်တော်မသိလိုက်ခင်မှာ
သူ့ ရဲ့ အရာအားလုံးကို ဦးနှောက်ကရော နှလုံးသားကပါ
မှတ်မိနေခဲ့ပြီ။

“ဘာယူပေးရမလဲChan...ဗိုက်ဆာနေလို့ လား..
လမ်းလျှောက်ချင်လား...နေမကောင်းဘူးလား...အိမ်ပြန်
ချင်နေပြီလား ကျွန်တော်ပစ္စည်းတွေသိမ်းပြီး...အ"

စကားသိပ်များလွန်းတဲ့အဲ့ကလေးကို ရှည်ရှည်ဝေးဝေး
တွေပြောမနေပဲ ကျွန်တော့်နဖူးပေါ်ရောက်နေတဲ့သူ့ လက်ကို ဆောင့်ခနဲဆွဲလိုက်တော့ မထင်မှတ်ထားတဲ့
အခြေအနေကြောင့်ထင်ပါရဲ့...

ကျွန်တော့်ပေါ်ပေါ်အိကျလာတဲ့ခံစားချက်လေးတစ်ခု...

ကျွန်တော့်နှာဖျားလေးပေါ်ရိုက်ခတ်နေတဲ့အသက်ရှူသံလေးကြောင့် သူလန့် သွားပြီဆိုတာ ကျွန်တော်ရိပ်မိ
ပါတယ်။

Until the end of time(Complete)Dove le storie prendono vita. Scoprilo ora