Ep 19

279 30 0
                                    

"Min.. hyungနဲ့တစ်ချက်လိုက်ခဲ့မလား။အအေးကုန်သွားပြီ။အောက်ထပ်မှာသွားယူမလို့"

Chanကို ထမင်းခွံနေသော Baekကိုတမေ့တမော
ငေးနေတဲ့ Minက အခုထိ မဝါးရသေးသော ထမင်းလိပ်တွေကို အသည်းအသန်ဝါးရင်း ခေါင်းငြိတ်ပြသည်။

ကိုယ်ကသူ့ကို တစ်ခဏဖြစ်ဖြစ် ဒီလို အခြေအနေကဆွဲထုတ်ပေးချင်ပေမယ့် သူလုပ်နေတဲ့ အပြုအမူကြောင့်Min ရဲ့ ပါးဖောင်းဖောင်းတွေကိုဆွဲညစ်ပစ်ချင်စိတ်တွေပေါ်လာသည်။

ချစ်စရာကောင်းအောင်တမင်လုပ်တာမဟုတ်မှန်းသိတယ်ဒါပေမယ့် သူကိုကချစ်ဖို့ကောင်းနေတော့လည်း...

"Hyungသွားမယ်လေ..ကျွန်တော်လည်းရေငတ်နေလို့"

"လာပြီ Min"

အောက်ထပ်ကို ပြေးသွားပြီး ရေကိုခပ်မြန်မြန်သောက်ချနေတဲ့သူ့ကို ကျွန်တော်ငေးနေမိတယ်။
သူနင်နေတာနေမယ်...စားတာတွေများတာကို ဒီကလေး

"Hyung ကျွန်တော် အသီးမှာလိုက်တယ် ဝယ်လာလား"

"အင်းရေခဲသေတ္တာထဲမှာ နွှာလိုက်ရမလား"

"ဟုတ် peachလေးလုံးလောက်နွှာလိုက်မယ်လေ။ပြီးမှထပ်လာယူမယ်။အပေါ်မှာ ကျွန်တော်စားလို့မပြီးသေးဘူး"

"Min...hyungလုစားမှာဆိုးလို့ကြော်ငြာနေတာလား"

ခပ်နောက်နောက်ပြန်မေးတော့ သူကရယ်တယ်။မျက်လုံးလေးတွေပိတ်သွားတဲ့ထိ သဘောတကျ...အဲ့ဒီအပြုံးကိုပဲမြင်ချင်နေခဲ့တာ။

"အဲ့တာကြောင့်Minဝလာတာ...အရင်တုန်းက
ထက်အများကြီးပိုဝလာတယ်"

"ကျွန်တော်က ဝတာမဟုတ်ဘူး ပြည့်တာပြည့်တာ...ဆရာဝန်ဆိုတာ ပြည့်နေမှ လူနာတွေကလည်းအားရှိမှာပေါ့"

မျက်နှာလေးချီ..မျက်မှောင်အတင်းကုတ်ပြီး
ငြင်းနေသော Minကိုဆွဲဖက်ပြီးရင်ခွင်ထဲမှာသာ သိမ်းထားလိုက်ချင်သည်။

"အစကတော့ ကျွန်တော်ခွာပေးမလို့ပဲ။အခုတော့
ကျွန်တော့်ကို ဝတယ်ပြောလို့Hyungပဲအကုန်ခွာ
လိုက်တော့။"

ကျွန်တော့်ရှေ့ကိုဆက်တောက်ဆက်တောက်နဲ့ လာပြီးPeachတွေအပြင်ဓားပါလက်ထဲထည့်ပေးသွားတယ်။လူဆိုးလေး ပျင်းရင်ပျင်းတယ်ပေါ့...

Until the end of time(Complete)Tempat cerita menjadi hidup. Temukan sekarang