Ep 16

253 24 0
                                    

အခန်းထဲရောက်ကတည်းက Chanကျွန်တော့်ကို
စကားတစ်ခွန်းမှမပြောသေး။Chanစကားပြော
နိုင်အောင်XiuMin hyungနဲ့တိုင်ပင်ခဲ့တဲ့ ကိစ္စ
ကိုသိပြီးကတည်းက စိတ်ဆိုးသွားပုံရသောChan
က ကျွန်တော့်ဘက်ကိုပင် မျက်နှာမလှည့်။

"Chan ကျွန်တော့်ကိုစိတ်ဆိုးနေတုန်းလား"

"...."

အသံကြားရာနှင့်ဆန့်ကျင်ဘက်ကို ချာခနဲ လှည့်သွားသောChanရဲ့ အပြုအမူကြောင့် စိတ်အားငယ်လာမိသည်။

"Chan...ကျွန်တော်က Chanရဲ့စကားသံလေးကို
ပြန်ကြားချင်လို့။Chanရဲ့ အသံသြသြလေးက
သိပ်နားထောင်လို့ကောင်းတာChan"

တိုးတိတ်စွာBဆိုတော့ ကျွန်တော့်ရင်တွေ ကွဲကြေရပါသည်။အစပထမတွေ့ကတည်းက ဘယ်တော့မှချိုမြန်သာယာသောစကားတို့ကိုမပြောခဲ့ဖူးပဲ အကြိမ်ကြိမ်နာကျင်အောင် ထိုးနှက်ခဲ့သောစကားသံတွေကိုသာထိုကလေးက မက်မောတွယ်တာနေသေးတာလား။

ကျွန်တော့်ကိုချစ်သော သူ့အချစ်တို့ကို ပြန်ပေးဆပ်ဖို့ကျွန်တော်ကထိုက်တန်ရဲ့လား။

"ကိုယ်မင်းကို ဘယ်လောက်စိတ်ပူခဲ့သလဲ သိလား!!နောက်တစ်ကြိမ် ကိုယ့်အတွက်အစားမထိုးနိုင်တဲ့မင်းသာပျောက်ဆုံးသွားရင် ကိုယ်ပါလိုက်သေမိမှာ!!!မင်းနားမလည် ဘူးလားB...ဟင် မင်းနားမလည်ဘူးလား"

ဘေးနားမှာရှိနေမှန်းအသေအချာသိတော့ Bကိုယ်လုံးလေးကို ရင်ခွင်ထဲ ဆွဲဖက်ထားရင်းအော်ဟစ်နေမိသည်။ချစ်တယ်ဆိုတဲ့စကားကို မဖွင့်ဟနိုင်သေးသော်လည်းကျွန်တော်သူ့ကို ချစ်သည်ဆိုတာကတော့ အသည်းတစ်ခုလုံးကြေမွမတတ်နာကျင်ခံစားခဲ့ရတာနှင့်တင်သက်သေပြဖို့လုံလောက်ပါသည်။

"တောင်းပန်ပါတယ် Chan..."

"မလိုပါဘူးကလေးရယ်..Bက ကိုယ့်ကိုချစ်လို့ဒီလိုလုပ်တယ်ဆိုတာ ကိုယ်သိနေတာပဲ။နောက်ထပ်တစ်ခါသာကိုယ့်ဘေးကပျောက်မသွားပါနဲ့"

သူ့အသံသြရှရှဟာ နားထဲတိုးလို့သာ စီးဝင်လာသည်။စိမ့်စမ်းရေလို အေး၍နေမင်းကြီးလိုနွေးထွေးသည်။သူ့ရင်ခွင်ကျယ်သည် မှေးစက်ဖို့အတွက် လုံလောက်သလို ရှေ့ဆက်ဖို့အတွက် ခွန်အားပေးသည်။

Until the end of time(Complete)Where stories live. Discover now