Ep 7

326 40 0
                                    

သူ့နားမှာတစ်ဘဝလုံးရှိနေရမှာထက် သူ့နှလုံးသားထဲတစ်စက္ကန့်လောက်ဝင်ခွင့်ရချင်တယ်ဆို ကျွန်တော်သိပ်များအတ္တကြီးသွားမလားဟင်။
................................................................

"Chanyeol shi...ဆေးသွင်းဖို့..."

ဆေးရုံအခန်းတံခါးကိုဖွင့်ပြီးဝင်လာတဲ့အချိန်မှာပဲ...အထဲကမြင်ကွင်းကလှပစွာစီးကြိုလို့။ကုတင်စွန်းလေးမှာ ကွေးအိပ်နေသောBaekရယ်၊Baekခါးလေးကိုဖက်ထားရင်း အိပ်ပျော်နေသော Chanyeolရယ်...

လှပလွန်းသောမြင်ကွင်းလေးကို မဖျက်ဆီးရက်စွာတံခါးကို အသာပြန်ပိတ်ရင်းလှည့်ထွက်လာမိသည်။မဟုတ်ပါဘူး...မကြည့်နိုင်လို့ပါ...အဲဒီမြင်ကွင်းကိုမကြည့်နိုင်လို့ပါ...

ခြေလှမ်းတွေကို အသိစိတ်က ပြန်ထိန်းရင်းရုံးခန်းရှိရာဆီလျှောက်လာခဲ့သည်။

အခန်းထဲမှာထိုင်ရင်းစိတ်ငြိမ်အောင်Black coffeeပြင်းပြင်းတစ်ခွက်ကိုလည်းတစိမ့်စိမ့်သောက်နေရင်း အတွေးများက အတိတ်ဆီသို့ပျံ့လွင့်လာသည်။

တကယ်ဆို Boomရဲ့ အကြောင်းကိစ္စအားလုံးကိုDiaryထက်ပိုသိတာ Minseok...

ထိုအချိန်ကပေါ့လေ...

.................................................................

"Seok ah...ဒီမှာကြည့်"

ထူထဲလှသော စာအုပ်ပုံထဲခေါင်းနစ်နေရမှ Boomရဲ့ခေါ်သံကြောင့်ခေါင်းထောင်လိုက်မိသော်လည်း လှည့်တော့မကြည့်ဖြစ်..သေချာတယ် Chanyeolအကြောင်းကြွားမို့ပဲနေမှာ။

"Seok ah..ဟေ့ကောင် မင်းappaခေါ်နေတယ်"

အနားနားကပ်ကာ အသေအကျေလာအော်သော အသံကြောင့် Miseokခမျာလန့်ဖျတ်ပြီးတပ်ထားတဲ့ မျက်မှန်လေးတောင်ကျွတ်သွားတယ်။

"ကိုယ်တော်လေး...မင်းရဲ့Yeolအကြောင်းပဲပြောဦးမှာမဟုတ်လား မင်းကွာ သွားတွေ့ပါဆိုတော့လည်း သွားမတွေ့ဘူးတစ်နေ့တစ်နေ့ငါ့လာနားပူနေတယ်"

တက္ကသိုလ်ပေါင်းစုံတောင်တက်အသင်းနဲ့လိုက်သွားပြီးကတည်းက Boomမှာရောဂါတစ်ခုရလာလေရဲ့။Chanyeolဆိုတဲ့ virus ပိုးကိုက်သွားတာ..

သူ့ဟာသူကူးစက်ခံလာပြီး Minseokကို ညည်းပြနေတာတော့ ဆရာဝန်မှားလာပြီ။သူ့ရောဂါ
က Chanyeolတစ်ယောက်ပဲကုနိုင်မှာ...

Until the end of time(Complete)Where stories live. Discover now