Ep 9

293 38 2
                                    

“Chanyeol shi..နောက်နှစ်ရက်လောက်နေရင်ဆေးရုံကဆင်းလို့ရပါပြီ။အိမ်မှာပဲသက်တောင့်သက်သာနားလို့ရပြီ..မျက်လုံးခွဲစိတ်ဖို့ကိုတော့မျက်ကြည်လွှာရတာနဲ့အကြောင်းကြားပေးပါ့မယ်"

Chanyeolကို စမ်းသပ်စစ်ဆေးရင်း ခပ်ပြုံးပြုံးလေးပြောလာတဲ့Min hyungကြောင့်Baekပျော်မိတယ်။အခုဆို Chan ကအများကြီးသက်သာလာပြီလေ။Baekအပေါ်ကိုလည်းအရင်ကထက်အများကြီးနွေးထွေးလာတယ်ရယ်...

ဒါပေမယ့်Chan မျက်နှာလေးကြည့်တော့မှိုင်လို့...

“Chan..ဆေးရုံဆင်းရတော့မှာလေ မပျော်ဖူူးလားဟင်"

“မပျော်ပါဘူး...ဆေးရုံကဆင်းသွားရင် မင်းက ကိုယ့်ကိုအခုလောက်ဂရုမစိုက်တော့ရင်ဘယ်လိုလုပ်မလဲ။"

နှုတ်ခမ်းကြီးကိုတမင်တကာဆူထော်ထားရင်း ပွစိပွစိရွတ်နေတဲ့Chanကြောင့်Baekရင်ထဲမှာကြည်နူးခြင်းလေးတွေဖြတ်စီးသွားသည်။
ချစ်လိုက်တာ Chanရယ်....ခင်ဗျားက အဲ့လိုလည်းကလေးဆန်တတ်တာပဲလား...

“Aigoo..ကိုယ့်ကိုကြွေသွားပြီမဟုတ်လား...သိနေတယ်လေ စိုက်ကြည့်နေမယ်ဆိုတာ.."

“Arr..Chan ကလည်းဗျာ.."

ရှက်ဝဲဝဲလေးနဲ့ခေါင်းကိုငုံ့ရင်း ပြောနေသော Baekကို Chanကစနောက်နေလျက်...ကျွန်တော်သာBaekကိုမချစ်ခဲ့မိဘူးဆို ဒီမြင်ကွင်းလေးက သိပ်လှမှာ...

“Chan ah.. ကျွန်တော်အောက်ခဏ ဆင်းဦးမယ်။Chanအတွက်အိပ်ယာခင်းအသစ်တွေ
မှာထားတာ...Chanက အိပ်ရင် သားရေတွေစီးကျလို့လေ ညစ်ပတ်အိုး ခင်ဗျားက"

“..မင်း..အပေါ်ပြန်တက်လာမှကိုယ်နဲ့တွေ့မယ်.."

“မကြောက်တာ Blahblahblah..."

Chanyeolကိုစနောက်ပြီးပြေးဆင်းသွားသော ကောင်လေးကိုကျွန်တော်တမေ့တမောငေးနေမိဆဲ...ကလေးစိတ်ချမ်းသာနေတာ ဒီအတောအတွင်းChanနဲ့အဆင်ပြေပြေသာရှိနေခဲ့သည်။

Chanyeolက သိသိသာသာဂရုစိုက်တာမျိုး မရှိပေမယ့်အရင်တုန်းကလို ကလေး အပေါ် ကြမ်းတမ်းတာမျိုးမရှိတော့...သူလည်းစိတ်တွေတည်ငြိမ်နေပြီထင်ပါရဲ့...

“Minseok ..ကျွန်တော်အကူအညီတစ်ခုလောက်
တောင်းချင်လို့ပါ"

“ဟင်..ပြောလေ Chanyeol..ကျွန်တော်ဘာကူညီ
ရမလဲ"

Until the end of time(Complete)Tempat cerita menjadi hidup. Temukan sekarang