Ep 6

301 39 0
                                    

သိတာပေါ့Chan...ကျွန်တော်သိတာပေါ့ ခင်ဗျားချစ်တာကျွန်တော်မဟုတ်မှန်း...ဒါပေမယ့် ကျွန်တော် ခင်ဗျားကို လက်မလွှတ်ပေးနိုင်ဘူး။လက်မလွှတ်နိုင်ဘူးဆိုတာခင်ဗျားဘေးမှာတစ်သက်လုံးနေမယ်လို့ဆိုလိုတာမဟုတ်
ဘူးနော်။ခင်ဗျားကို ချစ်တဲ့ကျွန်တော့်အချစ်တွေကို နှလုံးသားနဲ့အပြည့်သော့ခတ်သိမ်းထားမှာ သိပ်ချစ်တယ် Chan......
............................................................................

                  “နိုးပြီလား hyunne"

                  “ဟင် Miseok hyung"

           Baekမှတ်မှတ်ရရညက အိပ်ပျော်သွားတာ yeolရဲ့အခန်းထဲမှာ...ဒူးမထောက်နဲ့တော့ဆိုတဲ့ စကားတစ်ခွန်းမှာ ဘယ်လို သာယာခြင်းမျိုး ဘယ်လိုနူးညံ့ခြင်းမျိုးမှမပါပါဘဲ Baek...တစ်ညလုံး ကျောခိုင်းထားသောသူ့ကိုပြုံးပြီး ကြည့်နေမိသည်အထိ အင်အားကြီးပါသည်။

ရူးနေပြီလားလို့တော့မမေးပါနဲ့.သူ ကိုချစ်မိကတည်းကရူးသွပ်ဖို့ကိုပါရွေးချယ်ထားပြီးသားမို့ပါ။

သေချာတာကတော့ Baek ဆေးရုံခန်းအတွင်းက တစ်ယောက်ထိုင် sofaပေါ်မှာ တစ်ချက်မှေးလိုက်မိတာပါ။ခုတော့ Miseok hyungရဲ့ ရုံးခန်းထဲဘယ်လိုဖြစ်ပြီး......

         “ညက Chanyeolကိုဆေးသွင်းပေးဖို့hyungလာတော့ hyuneeအိပ်ပျော်နေတာ တွေ့လို့sofaပေါ်မှာလေ။sofaပေါ်မှာအိပ်ပျော်နေတော့ နာမှာစိုးတာနဲ့..ဟို.. hyungချီလာလိုက်တာ။"

                       “ဗျာ..."

Baekကတော့ရိုးသားစွာ အာမေဍိတ်လေးပြုလိုက်မိသော်လည်း Duty coatအဖြူနှင့်အပြိုင်ဖွေးဥနေသောပါးပြင်လေးကတော့ ပန်းရောင်ရဲရဲလေးတွေယှက်ပြေးလာသည်။

             “စိတ်မဆိုးဘူးမဟုတ်လား Hyunee..ဟို
Hyungက"

    “ရပါတယ် hyungရဲ့ ကျွန်တော်ကတောင်ကျေးဇူးတင်ရမှာ"

မျက်လုံးလေးတွေတဖျတ်ဖျတ်တောက်ပကာ ဟန်ဆောင်မှုကင်းသည့် ကောင်လေးရဲ့အပြုံးတွေက Miseokကိုမချင့်မရဲဖြစ်စေသည်။

Boom ah...မင်းကတိအတိုင်း မင်းညီလေးကို ငါစောင့်ရှောက်ခွင့်ရပါရစေနော်....

သူကအရမ်းဖြူစင်တယ်လို့မင်းပြောဖူးတယ်လေ။

အရမ်းဖြူစင်တဲ့ကလေးလေးကို ငါစောင့်ရှောက်ပေးချင်တာမမမှားဘူးမဟုတ်လားဟင် ..ဟင်Boom ah...

Until the end of time(Complete)Where stories live. Discover now