Ep 22

501 39 1
                                    

ဆောင်းအကုန်နွေအကူးကာလ...Kyoto တက္ကသိုလ်ဝင်းထဲမှာ သွားလာလှုပ်ရှားနေကြသော တက္ကသိုလ်ကျောင်းသားကျောင်းသူများသည် သစ်လွင်ဆဲ။တောက်ပဆဲ။

Momiji (Maple)ပင်တွေသည်းသည်းလှုပ်အရောင်ပြောင်းကြသော ကာလမို့တက္ကသိုလ်ဝင်းတစ်ခုလုံး နွေးထွေးကာနေသည်။အဝါ၊အနီ၊အညို...သိပ်ကိုလှပသော အရောင်လေးများနှင့် ခြယ်ထားသော ရာသီဥတုကို ပြတင်းပေါက်မှတဆင့် Baekhyunတစ်ချက်ငေးလိုက်မိသည်။

မေပယ်လ်ပင်တွေသည်တစ်စုံတစ်ယောက်သောသူ၏ အမှတ်အသား...ပြီးတော့ ကျွန်တော့်နှလုံးသားတစ်ခုလုံးပင်။

"ဆယ်ယောက်groupတစ်ခုဆီဖွဲ့ပြီး ကြိုက်တဲ့Languageနဲ့ ရေးထားတဲ့ Web pageတစ်ခု
နောက်အပတ်အမှီ presentation လုပ်ရမယ်။
ဘာခေါင်းစဉ်လို့မသတ်မှတ်ထားဘူးနော်။ကိုယ့်အစွမ်းရှိသလောက်ကို ချပြကြပါ။ကဲကောင်းကောင်းပြန်ကြ။ဒီနေ့ဒီလောက်ပဲ။"

"Hai....Arigato Sensei..."

"Arigato..mata"

ကိုယ်အတန်းချိန်မှာ hallတစ်ခုလုံးပြည့်နှက်နေသောကျောင်းသားတွေကို ကြည့်ရင်း ကျွန်တော်ဝမ်းသာနေမိသည်။Masterဘွဲ့ယူပြီး Sydney ကနေ Japanကိုပြန်ပြောင်းလာခဲ့သည်။Mapleပင်တွေ လှိုင်လှိုင်ပေါသော Kyotoကို ထပ်မံ ရွေးချယ်မိသည်အထိ...
ကျွန်တော့်အပေါ်ထိုသူက လွှမ်းမိုးနိုင်ခဲ့ပါသည်။
Sydney တက္ကသိုလ်မှ Masterဘွဲ့ရWeb developerတစ်ဦးဖြစ်တဲ့အပြင် Sydneyမှ
ပေါမာက္ခ၏ထောက်ခံချက်အပြည့်အဝဖြင့် Kyoto Universityမှာ လူတိုင်းရဲ့ လေးစားအားကျမှုကိုကျွန်တော်ရခဲ့သည်။

ဒီလိုဂုဏ်ယူရတဲ့ ပုံစံမျိုးနဲ့Chanရှေ့မှာ ကျွန်တော်ရှိနေချင်ခဲ့တာ....

နေသားကျလာသော စိတ်အစဉ်တို့က တစ်ဦးတစ်
ယောက်တည်းအပေါ်မည်မျှပုံအပ်ထားမိသည်မသိ။ချဉ်းကပ်လာသော လိပ်ပြာများကို ပြတ်သားစွာငြင်းထုတ်ခဲ့သည်။

Chanရဲ့သတင်းအစအနကိုရဖို့XiuMin hyung
နဲ့ဆက်သွယ်ခဲ့ပေမယ့်ရုတ်တရက်နယ်ပြောင်းသွားသောHyungဆီမှ Chanနဲ့ပတ်သက်ပြီး ဘာမှမသိခဲ့ရ။JongDae Hyungနဲ့အတူ နယ်မြို့တစ်မြို့မှာ တာဝန်ထမ်းဆောင်ရင်း Seoulကို လုံးဝမပြန်ဖြစ်သောMin hyungမှာ တစ်ခုခုနာကျင်စရာရှိနေတာကိုမပြောပေမယ့် သိနေတာကြောင့်ဘာမှမမေးဖြစ်တော့။

Until the end of time(Complete)Where stories live. Discover now