Last Hope(Unicode)

778 60 7
                                    

"Boomကိုခေါ်ပေး!!!ကျေးဇူးပြုပြီး Boomကိုခေါ်ပေးပါ။Boommie!!!...သားမျက်လုံးတွေ မမြင်ရတော့လို့Boom ကသားကိုပစ်သွားတာလား"

"သားလေး စိတ်ထိန်းပါနော်...သားရယ် omma ရင်နာလွန်းလို့ပါ"

"သားကိုသနားရင် Boomကိုခေါ်ပေးပါမေမေရယ်။သားတို့ချစ်ခြင်းကို မခွဲပါနဲ့"

"သားရယ်..."

မျက်ရည်တွေတတွေတွေကျရင်း ဆေးရုံခန်းထဲမှာရုန်းကန်နေသော Chanyeolကို ကြည့်ရင်း အကုန်လုံးရင်နာနေသည်။အထူးသဖြင့်တော့ Mr.park နဲ့ Mrs.Parkကတော့ ရင်အနာရဆုံးပင်။

ပျော်ရွှင်နေရမယ့်လူငယ်အရွယ်မှာမှ အရွယ်နဲ့မမျှသောဒဏ်ရာဒဏ်ချက်တွေက ခန္ဓာကိုယ်ပြင်ပမှာသာမကစိတ်အတွင်းထဲထိပါနက်ရှိုင်းစွာ ခံစားနေရသော Chanyeol ဆိုသော သူတို့သားလေးကိုစိတ်ဖြေသာရာသာရှိမည်ဆိုလျှင်ဘယ်လောက်ခက်ခဲပါစေ အသက်
ရင်း၍သာ သွားယူပေးလိုက်ချင်သည်။

အခုတော့ Boom ကိုမှလား...သေသွားတဲ့သူတစ် ယောက်ကိုတောင့်တနေတဲ့သူတို ့သားလေးစိတ်ချမ်းသာအောင်ဘာတွေများလုပ်ပေးသင့်လဲ။ဒီလိုမျိုးကံကြမ္မာကိုသာ ကြိုသိခဲ့ရင် သားလေးနဲ့ Baekboom ဆိုတဲ့ကောင်လေးကို သဘောတူပေးခဲ့မှာပါ။

အခုတော့ သားလေးက အမြင်အာရုံကွယ်ပျောက်သွားခဲ့ရသလို Boomဆိုသည့် ကလေးကတော့အသက်ပေး သွားရ ရှာပြီ။Boomလေးသေသွားပြီဆိုတာ သားကို ဘယ်လိုများပြောရမလဲ။

ယောက်ျားလေးချင်းကြိုက်နေတယ်ဆိုတာ သိသွားပြီးတဲ့နောက်မှာ Boomတို ့မိသားစုကလည်းအသည်း အသန်ကန့်ကွက်ခဲ့သလို သူမတို့ကလည်း ဘယ်နည်း
နဲ့မှ သဘောမတူနိုင်ခဲ့။

ခေတ်နောက်ကျတယ်ပဲဆိုဆို၊နားလည်မှုမရှိဘူးပဲပြောပြောအဓိကကတော့ သားတွေအပေါ်မျှော်လင့်ချက်ကြီးခဲ့တဲ့သူတို့မိသားစုနှစ်စု ရဲ့ အတ္တလို့ခေါင်းစဉ်တပ်လို့ရမယ့်
ချစ်မေတ္တာကြောင့်ပဲပေါ့။

Boom မိဘတွေနဲ့သူမ တို့တိုင်ပင်ပြီးနှစ်ယောက်စလုံးကိုလုံးဝမတွေ့နိုင်အောင်ပိတ်ပင်ထားသော်လည်း ဘယ်ကဘယ်လို တွေ့ခဲ့ကြသည်မသိ။မိဘတွေနောက်ကလိုက်လာတဲ့အချိန်မှာ Boomက သားကို တင်ပြီးကား
မောင်းပြေးခဲ့သည်။

Until the end of time(Complete)Donde viven las historias. Descúbrelo ahora