Ep 14

277 34 1
                                    

"Mutenessနဲ့ပက်သက်ပြီး hyungကြားဖူး
တာရှိလား"

အထုပ်တွေနေရာချပြီးကတည်းက နေရခက်စွာတိတ်ဆိတ်နေသောအခြေအနေကိုMinကစကား
တစ်ခွန်းနဲ့စတင်နွေးထွေးစေသည်။

Sangjuမှာ ရှိတဲ့Baekတို့မိသားစုအပန်းဖြေအိမ်လေးကိုသာရွေးချယ်ဖြစ်ကြသည်။မျက်နှာလေးသိသိသာသာလန်းလာသော ChanYeolကြောင့် ရက်အတော်ကြာနားဖြစ်ဖို့Baekဆုံးဖြတ်လိုက်သည်လေ။

ခါတိုင်းBaekတို့ညီအစ်ကိုနှစ်ယောက်ကတစ်ခန်း၊ Baekတို့မိဘတွေတစ်ခန်း နှစ်ခန်းသာရှိသောအိပ်ခန်းမှာ Chanဘေးမှာ Baekရှိနေမှဖြစ်မှာမို့သူတို့နှစ်ယောက်ကတစ်ခန်း၊အလိုလိုနေရင်းMinနဲ့ကျွန်တော်က တစ်ခန်းဖြစ်သွားရသည်။Minနဲ့က ရင်းနှီးပေမယ့်ဒီလိုကြီးကြ
တော့ ခြေဖျားလက်ဖျားတွေအေးပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ..Minကိုသာအားနာရင်း ငြိမ်ငြိမ်လေးထိုင်နေမိသည်။

"ကြားဖူးတယ် Min..Psycologyက ဆရာတစ်ယောက်ပြောပြဖူးလို့ကိုယ်ကြားဖူးတယ်။ဒါပေမယ့် သေချာတော့ ကိုယ်မလေ့လာဖူးဘူး"

"အင်း Dumbနဲ့သူက အခြေအနေခြင်းကွာခြားတယ်..စိတ်ဓာတ်တွေ တအားကျတာကြောင့်၊တစ်စုံတစ်ခုကို အစိုးရိမ်လွန်တဲ့အခါ အပြင်းအထန်ခံစားရတဲ့အခါစိတ်ဒဏ်ရာအပြင်းအထန်ရတဲ့အခါကိုယ်ကိုယ်တိုင်က
တိတ်ဆိတ်ဖို့ကို ရွေးချယ်လိုက်မိတယ်။ရောဂါလက္ခဏာတွေက တဖြည်းဖြည်းတအားတိတ်ဆိတ်လာမယ်။မရယ်တော့ဘူး။နေ့စဉ်ရက်ဆက်မှိုင်တွေ ငေးမောလာမယ်။
ကြည့်ရတာ Yeolနဲ့Baekပြသာနာဖြစ်တုန်းက Yeolအဲ့ဒီလိုခံစားခဲ့ရတာဖြစ်လိမ့်မယ်"

Minပြောတာတွေအကုန်အတိအကျဖြစ်ခဲ့သည်။
Yeolက ကျွန်တော်ဘေးမှာရှိရင်တောင် တစ်ယောက်တည်းBaekကိုတမ်းတနေခဲ့သည်။Baekနဲ့ပြသာနာအကြီးအကျယ်ဖြစ်ခဲ့တဲ့အချိန်Yeolမှာစိတ်ရောလူရောတော်တော့်ကို ထိခိုက်ခဲ့တာ..

ကျွန်တော်မျက်မြင်ကိုယ်တွေ့ပေမယ့် ဒီအချိန်မှာ ကျွန်တော်က နားထောင်ရုံသာတတ်နိုင်သည်။

Minကဆက်ရှင်းပြသည်။

"Mutessမှာ နှစ်မျိုးရှိတယ်။တစ်မျိုးက ကလေးတွေမှာ အဖြစ်များတယ်။မူကြိုမတက်ခင်ကလေးအရွယ်လေးတွေမှာပေါ့
Hyung..သူစိမ်းလောကထဲစဝင်ရမှာကြောက်ရင်းနဲ့Mutess ဖြစ်သွားတတ်တယ်။သူတို့လေးတွေအဖို့ကကုသဖို့နည်းလမ်းလွယ်လွယ်ကူကူပဲရှိတယ်။လေသံလေးနဲ့စကားပြောပေးတာတို့၊ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်ပေးတာတို့ပေါ့..နောက်တစ်မျိုးကတော့ teenageတွေနဲ့အရွယ်ရောက်ပြီးသားသူတွေမှာခံစားရတဲ့ Muteness..စိတ်အခြေအနေကိုပြန်ပြီး
ကုစားဖို့ဆိုတဲ့နည်းလမ်းကတော့ရှိပါတယ် ဒါပေမယ့်.."

Until the end of time(Complete)Where stories live. Discover now