Ep 4

351 43 3
                                    

                   “ချောက်.."

ပုံစံမပြတ်ရှိနေခဲ့တဲ့Boomရဲ့ အခန်းလေး... တစ်ပတ်တစ်ခါBoomရဲ့ အခန်းကိုBaekကိုယ်တိုင်
သန့်ရှင်းရေးလုပ်ပေးခဲ့တာမို့Boomမရှိတော့တာတစ်လကျော်ကြာသွားတာတောင်အခန်းကတော့ သစ်လွင်ဆဲပင်။

Boomရဲ့diaryစာအုပ်ကို Baekယူကြည့်ဖို့
တစ်ခါမှစိတ်မကူးခဲ့ပါ။သူတစ်ပါးရဲ့လျှို့ဝှက်ချက်ကို အထူးသဖြင့် မရှိတော့တဲ့သူတစ်ယောက်ရဲ့လျှို့ဝှက်ချက်မို့....

Boom...အဲဒီDiaryစာအုပ်ကို Chanyeolနဲ့ထွက်
ပြေးတဲ့အချိန်ထိ ယူသွားခဲ့တာ..Boomဆေးရုံကို
ရောက်လာလာခြင်း သတိရတစ်ချက်မရတစ်ချက် အခြေအနေမှာ တောင် Diaryစာအုပ်ကိုလက်ထဲမှာတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားတာ Baekမှတ်မိနေခဲ့သည်။

ယခုတော့....

Baekကိုယ်တိုင်ထားခဲ့တဲ့စည်းကို Baekလက်နဲ့ကိုယ် တိုင် ချေဖျက်ချင်နေခဲ့ပြီ၊

                            'ကလစ်'

သံလက်လှည့်တံခါးလေးနဲ့ဆန်းပြားအောင်ဆင်ထားသည့်အဝတ်ဗီဒိုက အသံ....

အဝတ်တွေရဲ့အောက်မှာ Boomကိုယ်တိုင်ဖန်တီးခဲ့တဲ့Boomနဲ့Baekသာသိသော အံဝှက်လေးတစ်ခု....အထဲမှာတော့Boomရဲ့Diaryစာအုပ်က သားရေဖုံးအနီနှင့်ခန့်ညားစွာပင်တည်ရှိနေပါသေးသည်။

Boomရဲ့ကုတင်စွန်းလေးမှာနေရာယူမိရင်း စာအုပ်ကိုဖြေးညှင်းစွာဖွင့်တော့ စာအုပ်ရဲ့ပထမဆုံးစာမျက်နှာ မှာနေရာယူထားသောဓာတ်ပုံတစ်ပုံ....

ကြည်နူးခြင်းတို့ပြည့်ဖုံးလျက်...အနမ်းတို့ဝေဆာလျက်..ချစ်သူနှစ်ဦး၏ဓာတ်ပုံ....

ပုံထဲမှYeolသည်တောက်ပစွာပြုံးနေလျက်...
birthday cakeကိုကိုင်ထားသည်။Yeolရဲ့
မျက်နှာတစ်ခုလုံးမှာ creamတွေကဟိုတစ်ကွက်ဒီတစ်ကွက်..မျက်လုံးလေးမှိတ်တဲ့အထိပြုံးနေတဲ့YeolကိုBoomကခြေဖျားလေး
ထောက်တာ Yeolပါးကိုနမ်းရှုိက်နေသည်လေ။

သြော်...တောက်ပလိုက်တဲ့အပြုံးတွေရယ်လေ....မဖြစ်သင့်တာသိပေမယ့် ရင်ဘတ်က ပုန်းလျှိုးကွယ်လျှိုးနာကျင်လာပြန်သည်။

ဓာတ်ပုံရဲ့အောက်မှာတော့ လက်ရေးဝိုင်းဝိုင်းလေးကလှပစွာနေရာယူထားပြန်သည်။
>>27.11.2015###အချစ်ရဆုံးသူ့ရဲ့ ပထမဆုံးမွေးနေ့အမှတ်တရ...သိပ်ချစ်တယ်Channie...<<<

Until the end of time(Complete)Tempat cerita menjadi hidup. Temukan sekarang