Ep 5

284 36 0
                                    

“Chan နိုးနေပြီလား"

“ဟင်...Boom.."

သြော်သူနိုးနေပြီကိုး...မနက်ခင်းနေရောင်လေးလို နွေးထွေးလွန်းတဲ့သူ့မျက်နှာလေးကို Baek ချစ်မြတ်နိုးစွာငေးကြည့်မိပါသည်။

“Chanက Boomကိုစောင့်နေတာလား..miyan..
Boomဆန်ပြုတ်ပြုတ်နေလို့ပါ...Chan ကြိုက်တဲ့
ငါးဆန်ပြုတ်လေ...အရိုးလည်းနွှင်ပေးထားတယ် သောက်လိုက်နော် Chan"

ကြောင်အနေတဲ့သူ့မျက်နှာကနေ အကြည့်လွှဲရင်း ကျွန်တော်ဟန်ဆောင်ခြင်းအနုပညာကိုကောင်းကောင်း တတ်မြောက်ခဲ့သည်။

သူ့အကြိုက်ဆုံးကိုရှာဖွေရတာ မခဲယဉ်းပါ....Yeolအကြောင်းအသေးစိတ်မှတ်တမ်းတင်လေ့ရှိတဲ့ Boomက Yeol ဘာကိုကြိုက်တယ် မကြိုက်ဘူးဆိုတာတွေက အစ သေချာရေးသားခဲ့သည်လေ....

တစ်ခုလေးပဲ ပြောင်းလဲသွားတာပါ....

Yeolသိပ်ကြိုက်ပါတယ်ဆိုတဲ့ငါးဆန်ပြုတ်ကို ဆိုင်ကမဝယ်ဘဲ Baekကိုယ်တိုင်ချက်ခဲ့တာလေးတစ်ခုရယ်ပါ....

သူမသိပေမယ့် ဂရုစိုက်မှုသေးသေးလေးက သူ့ရင်ကိုနွေးထွေးစေမယ်ဆို ကျေနပ်ပါသည်လေ။

ဆန်ပြုတ်ကို သာသာမှုတ်ကာ သူ့ကိုခပ်တိုက်ရင်း သူ မျက်နှာကိုငေးရသည်ကပင် Baekအတွက် အကြီးမားဆုံးဆုလာဘ်ဖြစ်နေသည်။ကိုယ်ကချစ်ရသူကိုး...

“Boom..."

“Hmm..Chan"

“ကိုယ့်ကို စိတ်မနာဘူးလား။ဒီလောက်ပြောဆိုပြီး နှင်ထုတ်ခဲ့တာကိုလေ။"

“စိတ်နာရမယ်....ဟုတ်လား Chan....Chan အသက်ရှင်လျက် Boomဆီပြန်လာတာကပဲ Boomအတွက် ဘာမှမလိုအပ်တော့တာ Chan.."

“ကိုယ်..ကိုယ်. .သိပ်ကြောက်ခဲ့တာ Boomရဲ့..ဒီလိုမျက်ကန်းဘဝနဲ့ Boomကိုဆက်ဒုက္ခမပေးချင်ဘူး"

ပြောရင်းနဲ့ပါးပေါ်ကိုတလိမ့်လိမ့်ဆင်းလာတဲ့သူ ့မျက်ရည်တွေ...လူကောင်ကြီးသလောက် နှလုံးသားငယ်လေးဟာ အဲ့လောက်တောင် နုနယ်ရသလား..

“တိတ်ပါတော့ Chan ရယ်... ခုဆို Chan ဘေးမှာ Boomရှိနေခွင့်ရပြီလေ။ခဏလေးနော် ပြီးရင် စာအုပ်ဖတ်ပြမယ်...Chan အရမ်းကြိုက်တဲ့ Kim Yoo Miရဲ့ နွေဦးဝသုန် ဆိုတဲ့စာအုပ်ယူလာတယ်။ခုတော့Boom ပန်းကန်လေးဆေးလိုက်မယ်နော်"

Until the end of time(Complete)Tempat cerita menjadi hidup. Temukan sekarang