💜 ရေစက် 💜

1.5K 110 8
                                    

တလောကလုံး အုံ့ဆိုင်းမှုန်မှိုင်းနေသည့်အရိပ်အယောင်တွေကတော့ ကောင်းကင်မင်းကြီးဒေါသကြောင့်ပင်....မြင်မြင်လေရာ တိမ်ဆိုင်တိမ်မဲတို့ ဖုံးအုပ်လျှက် အကျည်းတန်နေသယောင်....လူ့ပြည်အခေါ်အရတော့ မိုးကြီးလေကြီးနေသည်ပေါ့.....

" မောင်မင်းတို့.....ကိုယ့်အပစ်ကိုယ် သိလား....ကောင်းကင်နန်းတော်တစ်ခုလုံး ဘယ်လောက်စိုးထိတ်ခဲ့ရသလဲ မျက်မြင်ပဲ....ရူးမိုက်လိုက်ကြတဲ့သူတွေ...."

ကောင်းကင်တမာန်တော်ကြီးမှ....
" အရှင်မင်းကြီး....စီရင်ချက်ချဖို့ အချိန်ကျရောက်ပီဗျ...."

" ကောင်းပီ....အသင်နတ်ဆိုး Jimin....အသင်ခုနောက်ပိုင်း ကောင်းမွန်စွာနေထိုင်ခဲ့တဲ့အတွက် အပစ်လျှော့ပေါ့ပေးတဲ့အနေနဲ့ လူ့ပြည်မှာ ကောင်းတာပြုဖို့ စေလွှတ်ခြင်းခံမလား.....မှတ်ဉာဏ်အားလုံးဖျောက်ပစ်ခံရပီး ကောင်းကင်နန်းတော်မှာ အမှုထမ်းမလား...."

Jimin ဘေးမှာရှိနေသော Jungkook ကိုပြုံးပြုံးလေးကြည့်ရင်းနဲ့...

" သဘောတူပါတယ်အရှင်...ဘဝတွေထပ်မရှိနိုင်တော့တဲ့ ပြာမှုန်ဘဝမရောက်သွားတာ အရှင်မင်းကြီးရဲ့ သနားညှာတာမှုက ကျေးဇူးတင်စရာပါအရှင်...နာကျဉ်စရာ အတိတ်တို့ထဲမှာ အမြဲအမှတ်ရနေမိတဲ့ အမှတ်တရတစ်ချို့ကြောင့် မှတ်ဉာဏ်တွေကိုတော့ သိမ်းထားပါရစေ....လူ့ပြည်မှာပဲ အမှုတော်ထမ်းပါ့မယ်အရှင်...."

" မင်းပြုခဲ့တဲ့ မကောင်းမှုတွေကြောင့် လူ့ဘဝရခဲ့ရင်တောင် ငရဲထက်ဆိုးတဲ့နာကျင်မှုတွေ ခံစားရမှာနော်....ပီးတော့ နှစ်ရာချီကျင့်ကြံခဲ့တဲ့ အစွမ်းတွေလဲ ပျောက်ကွယ်သွားမှာ...အဲ့လိုဆိုရင်တောင် ရသလား...."

" အဆင်ပြေမှာပါအရှင်...."

Jungkook မျက်ရည်တို့မထိန်းနိုင်တော့....သူငိုရင် တောင်တော်တစ်ခုလုံးမိုးကြီးရေကြီး၍ သတ္တဝါအပေါင်း ဒုက္ခများမှာ သိသော်လဲ ရင်ထဲကတဆစ်ဆစ်နာကျင်မှုကြောင့် ထိန်းမရနိုင်ခဲ့....

" အရှင်မင်းကြီး...ကျနော်မျိုးလဲ တူတူလိုက်သွားပါရစေ..."

ကောင်းကင်မင်းကြီးခေါင်းထပ်ခဲပြန်ပီ....မကောင်းမှုတွေ ချေဖျက်ပီး နတ်ကောင်းဘဝရောက်ဖို့ လက်တစ်ကမ်းအလိုဘဝကို မရွေးချယ်ဘဲ ရူးမိုက်လိုက်ကြတဲ့ အဖြစ်ရယ်ပါလေ....

SARANGWhere stories live. Discover now