မင်းနေပြည်တော်တစ်ခုလုံး ပျော်ပွဲရွှင်ပွဲများ ခမ်းနားသိုက်မြိုက်စွာ ကျင်းပနေကြသည့်အကြောင်းရင်းကတော့ တိုင်းပြည်ရဲ့အထွတ်အမြတ်အားထားရာ အိမ်ရှေ့စံလေးရဲ့ ကြင်ယာတော်ရွေးချယ်ပွဲကျင်းပမည့် ပွဲတော်နေ့ကြီးဖြစ်သောကြောင့်ပင်....
နန်းတော်ထဲတွင်လဲ နန်းတွင်းသူများ အထိန်းတော်များဖြင့် ပျားပန်းခတ်မျက်စိရှုပ်လောက်သည်အထိ စည်ကားလွန်းနေသည်....ကလေးလူငယ်လူကြီးမကျန် အိမ်ရှေ့စံလေးရဲ့ထီးနန်းတက်ပွဲအတွက် ပျော်ရွှင်စိတ်လှုပ်ရှားနေကြသော်လည်း မပျော်နိုင်ကြသူလေးနှစ်ယောက်မှာတော့ ရင်ထဲမှာဗလောင်ဆူနေလျှက် ကိုယ်စီတာဝန်ကျေပွန်အောင်တော့ ထမ်းဆောင်နေကြရသည်....
အထိန်းတော်ကြီးက ပွဲတော်တက်ရောက်ရန် လာခေါ်နေခြင်းဖြစ်သည်.....
" အရှင်အိမ်ရှေ့စံ.....ပွဲတော်ချိန်နီးကပ်နေပါပီ....သွားဖို့ အချိန်ကျရောက်ပါပီအရှင်...."
ဂျီမင်းပြိုပျက်နေသော မျက်နှာကို ပြန်လည်ပြင်ဆင်ပီး ထထွက်လာခဲ့သည်....စိတ်ထဲမှာတော့ မြန်မြန်ပီးမြန်မြန်အေးတယ်ဆိုပီး သဘောပိုက်၍ ထွက်လာခဲ့သည်.....ပွဲတော်ထဲရောက်တော့ ဂျွန်းငယ်က ရောက်နှင့်နေပီ....ငိုထားသလားထင်ရလောက်အောင် မတွေ့ဖြစ်တဲ့ရက်တွေအတွင်း ပိန်သွားလိုက်တာ ရင်ဝကိုမီးစာနဲ့ထိုးနေတဲ့အတိုင်း နာကျင်လွန်းလှသည်.....
ဂျီမင်းအားတင်းပြုံးပြလိုက်တော့ ခပ်ယဲ့ယဲ့ပြုံးပြနေသည့် ဂျွန်းငယ်လေးက သိပ်သနားဖို့ကောင်းလှသည်.....သူသိပ်ချစ်ရတဲ့သူကို စွန့်လွှတ်ရတော့မယ့် နာကျင်မှုက မျက်နှာမှာအတိုင်းသားပေါ်နေသည်.....
💭ဂျွန်းငယ်လေး....ဘာပဲဖြစ်ဖြစ်အားတင်းထားရမယ်လေကွာ....Hyungတို့တွေ အနေဘယ်လောက်ဝေးဝေး အမြဲစိတ်ထဲမှာ ရှိနေကြတာပဲ....စိတ်ချပါ....ကိုယ်တော့်အတွက် ကြင်ယာတော်က မင်းတစ်ယောက်ထဲပဲ ဖြစ်ရမယ်....💭
-------------
ဂျောင်ကု ကြင်ယာတော်တွေရွေးပီးပီဆိုတဲ့ သတင်းစကားကြားပီးထဲက ဘယ်လိုမှ နေမရထိုင်မရခဲ့.....ဆုံးရှုံးလိုက်ရခါနီးမှ အသဲနင့်အောင်ချစ်နေမှန်း နားလည်မိသည်.....အကိုတော်ကို ဘယ်လိုနည်းနဲ့မှ သူ့လက်ထဲက အဆုံးရှုံးမခံနိုင်....
YOU ARE READING
SARANG
Ficción históricaJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...