အိမ်ရှေ့စံတို့ ဂျွန်းအမတ်ရဲ့ စံအိမ်ကိုဝင်စီးရန် အစီစဉ်ဆွဲထားတဲ့ရက်ထက် ဆယ်ရက်တိတိနောက်ဆုတ်ပီးမှ စိတ်အချရဆုံးသော လူယုံအနည်းငယ်နဲ့သာ ဝင်စီးခဲ့သည်....ဘယ်လိုအကြောင်းပြချက်မျိုးနဲ့ခွဲခွဲ တစ်စိတ်ထဲဖြစ်နေပီဖြစ်သော မောင်တော်ပါ ပါလာ၍ အိမ်ရှေ့စံသတိကြီးစွာ ထားရတော့သည်....
စံအိမ်တော်သို့ မဝင်ခင် ပါလာသောလက်ရင်းတပည့်များကို သေသေချာချာမှာပီး နောက်ဆုံး ချစ်ရသူမောင်တော့်ကိုလဲ သေချာမှာရတော့သည်....သူတို့နှစ်ယောက်အကြောင်းသိသူများဖြစ်ပေမယ့်လဲ အိမ်ရှေ့စံသိက္ခာရပ်နဲ့အညီ အနေအထိုင်အပြောအဆို ထိန်းသိမ်းရမည်မဟုတ်ပါလား....
" ညီတော်....အဘိုးအိမ်တော် ဝင်စီးရမှာဆိုတော့ စိတ်မကောင်းဖြစ်နေရင် နေခဲ့ပါ့လား...တော်ကြာ စိတ်ထဲမသက်မသာဖြစ်နေမှာစိုးလို့ပါ..."
" ကဲ....လိုက်မယ်ဆို လိုက်မှာပဲဗျာ....အကိုတော် ဘယ်သွားသွား ဖဝါးထပ်မျှ လိုက်မှာပါဆို....ထပ်မမေးနဲ့တော့ဗျာ..."
" မဟုတ်ပါဘူး....မယ်တော်နဲ့ဆုံမိရင် စိတ်မသက်မသာဖြစ်နေမှာစိုးလို့ပါ...."
" တော်ပါတော့ဗျာ....အကိုတော်သာ ညီတော့်ကို အားနာစိတ်မဖြစ်ပဲနဲ့ စိတ်သက်သက်သာသာ ဖြေရှင်း....ဟုတ်ပီလား.....အဘိုးကလဲ မကောင်းတာလုပ်ထားတာကိုး....အပစ်ရှိတဲ့သူကတော့ အပစ်ဒဏ်ခံရမှာပေါ့...."
အလိုက်သိလွန်းသော မျက်နှာနုနုလေးကို နမ်းမွှေးလိုက်ချင်ပေမယ့် အိမ်ရှေ့စံ ရာဇအိန္ဒြေထိန်းနေရသည်မို့ မြိုသိပ်ထားလိုက်ရတော့သည်....
" ဒါဆို သွားကြရအောင်....အားလုံးသေချာဂရုစိုက်ကြပါ...ကျနော့ရဲ့ အရေးကြီးဆုံးလူတွေဖြစ်ကြလို့ တစ်ယောက်မှ အမိခံလို့မဖြစ်ဘူး....ပိပိရိရိ သေသေသပ်သပ် လုပ်ကိုင်ကြပါ...."
" နာခံလျှက်ပါခေါင်းဆောင်...."
အားလုံးကို ကိုယ်စီသေချာမှာပီး ဂျွန်းအမတ်ရဲ့ အိမ်တော်ကို ဝင်စီးရန် အခြေအနေစောင့်ကြည့်နေကြသည်....ညလူခြေတိတ်ချိန်ရောက်မှ နောက်ဖက်ဝင်ပေါက်က ဝင်ပီး အစောင့်တစ်ချို့ကို အိမ်မက်ကမ္ဘာထဲပို့လိုက်ပီးနောက် ဂိုဒေါင်ထဲက ဝန်ပေါ့တဲ့ အဖိုးတန်ပစ္စည်းတို့ကို သေချာသိမ်းထုတ်နေစဉ် တာဝန်ချိန်လာလဲသည့် အစောင့်နှစ်ယောက်က တိမ်ဖြူအဖွဲ့ကို မြင်တွေ့သွားခဲ့သည်....တစ်ယောက်ကို အချိန်မှီလှဲသိပ်နိုင်ခဲ့ပေမယ့် တစ်ယောက်ကလွတ်သွားခဲ့ပီး အိမ်တော်ထဲက ကျန်အစောင့်များပါ သိသွားခဲ့၍ တိမ်ဖြူအဖွဲ့ အဝိုင်းခံလိုက်ရသည်....
YOU ARE READING
SARANG
Historical FictionJeon..... အချစ်ဆိုတာ ဘယ်လိုအဓိပ္ပါယ်လဲ မသိပေမယ့် ကျနော်သိတဲ့အချစ်က အကိုတော်ပဲ...အများကပြောကြတာတော့ မဖြစ်နိုင်တာကို မိုက်ရူးရဲဆန်တာတဲ့လေ....ပြောချင်တာပြောကြပါစေ...ဒီဘဝမှာ မဖြစ်နိုင်ခဲ့ရင်တောင် နောင်ဘဝအဆက်ဆက် အကိုတော်နားမှာပဲ ကပ်တွယ်နေမယ့် လူသားကျနော်...